498

ကျောက်မဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင်(၅၀၀)ဗုံး ၂လုံးကြဲချတိုက်ခိုက် ‌ဒေသခံ (၁)ဦးသေ၊(၂)ဦးဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
28 August 2024

ကျောက်မဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင်(၅၀၀)ဗုံး ၂လုံးကြဲချတိုက်ခိုက် ‌ဒေသခံ (၁)ဦးသေ၊(၂)ဦးဒဏ်ရာရ

ကျောက်မဲ၊ ဩဂုတ် ၂၈ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၂) နယ်မြေ ကျောက်မဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဂျက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံ(၁)ဦးသေဆုံးပြီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဖြစ်စဉ်တွင် ယမန်နေ့ ဩဂုတ်လ (၂၇) ရက် ည (၁၁း၃၀) အချိန်တွင် စစ်ကောင်စီတပ်သည် ဂျက်ဖိုက်တာဖြင့် ဖြတ်အားပြင်း လက်နက်အမျိုးအစားဖြစ်သည့် ပေါင် (၅၀၀)ဗုံး ၂ လုံးဖြင့် လာရောက်​ဗုံးကြဲတိုက်ခိုက်ခဲ့သည်။






ထိုကဲ့သို့ ​ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမှတ်(၉)ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ‌ထိုရပ်ကွက်နေ အသက် (၅၄) နှစ်အရွယ် မိုင်းအ‌ညော် ဆိုသူ ပွဲချင်းပြီးသေဆုံးခဲ့ပြီး အသက် (၃၅)နှစ်အရွယ် ကိုငယ်လေ နှင့် အသက် (၅၀)အရွယ် ကိုနောင် ဆိုသူ (၂) ဦံး ထိမှန်ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် ကျောက်မဲ အမှတ်(၉)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း နှင့် ဒေသခံ နေအိမ် (၅)လုံး ထိခိုက်ပျက်စီးသွားခဲ့သည်။





အလားတူ သြဂုတ်လ ၂၇ ရက်နေ့ ‌ နံနက်(၁း၃၀)အချိန်တွင်လည်း သီပေါမြို့အတွင်းသို့ စစ်ကောင်စီတပ်မှ Y-12 လေယာဥ်ဖြင့် ဗုံးအလုံး (၅၀) ကျော်လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး ဒေသခံ (၂) ဦးသေဆုံးခဲ့ပြီး (၂)ဦးဒဏ်ရာရရှိကာ စာသင်ကျောင်းနှင့် နေအိမ်များထိမှန်ပျက်စီးသွားခဲ့သည်။

ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သီပေါ၊ ကျောက်မဲ၊ ကွတ်ခိုင်၊ နမ့်ဆန်မြို့များရှိ  ပြည်သူလူထုများအား ဦးတည်ပြီး လေကြောင်းဖြင့် လိုက်လံ​ဗုံးကြဲချမှုကြောင့် အရပ်သားပြည်သူ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု အများအပြားရှိသကဲ့သို့ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦးနှင့် ​ဒေသခံနေအိမ်များ ထိခိုက်ပျက်စီးမှုလည်း အများအပြားရှိခဲ့သည်။

# PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ကျောက်မဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင်(၅၀၀)ဗုံး ၂လုံးကြဲချတိုက်ခိုက် ‌ဒေသခံ (၁)ဦးသေ၊(၂)ဦးဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်