488

လီလု နှင့် နမ့်ဆန်ကြားရှိ ကားလမ်းမပေါ်မြေပြိုကျလမ်းပိတ်နေပြီး PSLF/TNLA မှ ပြန်လည်ရှင်းလင်းပေး

ဒေသတွင်းသတင်း / ဒေသတွင်း
25 August 2024

လီလု နှင့် နမ့်ဆန်ကြားရှိ ကားလမ်းမပေါ်မြေပြိုကျလမ်းပိတ်နေပြီး PSLF/TNLA မှ ပြန်လည်ရှင်းလင်းပေး 


နမ့်ဆန်၊ သြဂုတ် (၂၅) ရက်

တအာင်းပြည်သတင်း


တအာင်းပြည် တပ်မဟာ (၂) နယ်မြေ လီလု နှင့် နမ့်ဆန်ကြားရှိ ကားလမ်းမပေါ်တွင် မြေပြိုကျကားလမ်းပိတ်နေပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) တပ်ဖွဲ့မှ ပြန်လည်ရှင်းလင်းပေးခဲ့သည်။


ဖြစ်စဉ်တွင် သြဂုတ်လ (၂၄) ရက် နံနက် (၁၀) နာရီအချိန်တွင် မိုးသည်ထန်စွာရွာသွန်းမူကြောင့် လီလု နှင့် နမ့်ဆန်ကြားရှိ ကားလမ်းမ (၁၀) နေရာ မြေပြိုကျ လမ်းပိတ်နေပြီး ကားများဖြတ်သန်းသွားလာ၍ မရပါ။




အဆိုပါ ကားလမ်းအား ကားသမားများ အမြန်ဆုံးဖြတ်သန်းသွားစေရန်အတွက် PSLF/TNLA မှ သွားရောက်လမ်းရှင်းပေးခဲ့ကာ ယခုတွင် ကားသေးများ ဖြတ်သန်းသွားရနေပြီး ဖြစ်သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: လီလု နှင့် နမ့်ဆန်ကြားရှိ ကားလမ်းမပေါ်မြေပြိုကျလမ်းပိတ်နေပြီး PSLF/TNLA မှ ပြန်လည်ရှင်းလင်းပေး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်