487

သီပေါမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ပြည်သူများအား ဦးတည်ကာ လက်နက်ကြီး (၆)လုံး ပစ်ခတ်ရာ ဒေသခံ (၁)ဦး သေဆုံးပြီး (၃)ဦး ဒဏ်ရာပြင်းထန်

ဒေသတွင်းသတင်း / ဒေသတွင်း
24 August 2024

သီပေါမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ပြည်သူများအား ဦးတည်ကာ လက်နက်ကြီး (၆)လုံး ပစ်ခတ်ရာ ဒေသခံ (၁)ဦး သေဆုံးပြီး (၃)ဦး ဒဏ်ရာပြင်းထန်

သီပေါ၊ ဩဂုတ် ၂၄ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ သီပေါမြို့တွင် ပြည်သူများအားဦးတည်ပြီး စစ်ကောင်စီက လက်နက်ကြီး (၆)လုံး ပစ်ခတ်ခဲ့ရာ ဒေသခံ (၁)ဦးသေဆုံးသွားပြီး (၃)ဦး ဒဏ်ရာပြင်းထန်မှုရရှိခဲ့သည်။





ယနေ့ သြဂုတ်လ(၂၄)ရက်နေ့ နံနက် (၈:၂၀)မှ (၁း၃၀) အချိန်ထိ စစ်ကောင်စီတပ်က ပြည်သူလူထုနေထိုင်ရာသို့ ဦးတည်ပြီး လက်နက်ကြီး (၆)လုံးဖြင့် ပစ်ခတ်ရာ သီပေါမြို့ ရွှေကျောင်းရပ်ကွက်သို့လက်နက်ကြီးကျရောက် ပေါက်ကွဲမှုဖြစ်ကာ ထိုနေရာရှိ အသက် (၆၀)ကျော် အမျိုးသား (၁)ဦး ဦးခေါင်းပြတ် ဒဏ်ရာဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။




ထို့အပြင် အသက် (၅၀)ကျော် အရွယ် အဖွားအို (၁)ဦးနှင့် အသက် (၆၀)ကျော်အရွယ် အဖိုးအို (၁)ဦး ဒဏ်ရာပြင်းထန်မှုရရှိခဲ့ပြီး အဆိုပါ ရွှေကျောင်းအနောက်ဘက်ရှိ အမျိုးသမီး (၁)ဦးလည်း ထိမှန်ဒဏ်ရာရရှိသာ်လည်း စိုးရိမ်မှုမရှိ‌ပေ။

သီပေါမြို့တွင် ဩဂုတ်လ (၁)ရက်နေ့မှ (၂၄)ရက်နေ့အထိ စစ်ကောင်စီမှ အရပ်သားများရှိရာသို့ ဦးတည်ပြီး လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား (၁၇)ဦး သေဆုံးပြီး (၅၇)ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: သီပေါမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ပြည်သူများအား ဦးတည်ကာ လက်နက်ကြီး (၆)လုံး ပစ်ခတ်ရာ ဒေသခံ (၁)ဦး သေဆုံးပြီး (၃)ဦး ဒဏ်ရာပြင်းထန်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်