465

သီပေါမြို့တွင် စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် (၅)ရက်အတွင်း အရပ်သား (၁၁)ဦးသေဆုံးပြီး (၁၂)ဦး ထိခိုက်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
14 August 2024

သီပေါမြို့တွင် စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် (၅)ရက်အတွင်း အရပ်သား (၁၁)ဦးသေဆုံးပြီး (၁၂)ဦး ထိခိုက်ဒဏ်ရာရ

သီပေါ၊ သြဂုတ် ၁၄ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ(၂) နယ်မြေ သီပေါမြို့တွင် စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးများ နေ့စဥ်ပစ်ခတ်မှုကြောင့် (၅)ရက်အတွင်း အရပ်သား (၁၁) ဦးသေဆုံးခဲ့ပြီး (၁၂) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။





စစ်ကောင်စီတပ်သည် သီပေါမြို့နယ်အတွင်း နေ့စဥ်လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှု ပြုလုပ်နေပြီး သြဂုတ်လ (၉) ရက်နေ့မှ (၁၃) ရက်နေ့အထိ (၅)ရက်အတွင်း သီပေါမြို့နယ်ရှိ ကျောင်းစု၊ အုတ်ကျင်း၊ တာပုတ်၊ ထုံစင့်ရပ်၊ မြို့လယ်ရပ်၊ နားလွယ်၊ မြို့ဟောင်း၊ ကုန်းဆုံကျေးရွာ နှင့် နမ့်ပေါ့ချောင်းသို့ စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့်  အမျိုးသား (၇)ဦးနှင့် အမျိုးသမီး (၄) ဉီးသေဆုံးသွားခဲ့သည်။





ထို့အပြင် ထိုလေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သီလရှင်(၁)ပါးနှင့် ကလေးငယ်(၁)ဦးအပါအဝင် ဒေသခံ (၁၂)ဦး ထိခိုက်ဒဏ်ရာရရှိသည်။ ထိုဒေသရှိ မြို့ခံပြည်သူများလည်း ကျောက်မဲမြို့၊ နမ့်လန်၊ ပန်လုံဘက်သို့ စစ်ဘေးရှောင်နေကြရသည်။

စစ်ကောင်စီတပ်သည် မြောက်ပိုင်းညီနောင်(၃)ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း (ရမခ)အပါအဝင် မြို့များစွန့်လွှတ်ခဲ့ရပြီး စစ်ရှုံးနေသည့် စစ်ကောင်စီတပ်သည် ရှုံးမဲမဲကာ ပြည်သူလူထုအားဦးတည်၍ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: သီပေါမြို့တွင် စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် (၅)ရက်အတွင်း အရပ်သား (၁၁)ဦးသေဆုံးပြီး (၁၂)ဦး ထိခိုက်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်