458

မိုးကုတ်မြို့နယ်တွင် စစ်ဆင်ရေးအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်/သုံးစွဲသူများအပါအဝင် ပြစ်မှုကျုးလွန်သူ (၁၂၉)ဦးအား PSLF/TNLA ဖမ်းဆီးအရေးယူ

ဒေသတွင်းသတင်း / ဒေသတွင်း
12 August 2024

မိုးကုတ်မြို့နယ်တွင် စစ်ဆင်ရေးအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်/သုံးစွဲသူများအပါအဝင် ပြစ်မှုကျုးလွန်သူ (၁၂၉)ဦးအား PSLF/TNLA ဖမ်းဆီးအရေးယူ


မိုးကုတ်၊ သြဂုတ် ၁၂ ရက်

တအာင်းပြည်သတင်း


မိုးကုတ်မြို့နယ်တွင် ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)အဖြစ် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ စစ်ဆင်ရေးပြုလုပ်နေစဥ် မြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်း/ဝယ်သုံးစွဲသူ (၇၁)ဦးအပါအဝင် ပြစ်မှုကျုးလွန်သူ (၁၂၉)ဦးအား PSLF/TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။




ထိုပြစ်မှုကျုးလွန်သူ (၁၂၉)ဦးအနက် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ (၇၁)ဦးအပါအဝင် တရားမဝင်ကျောက်တူးဖော်သူများ၊ စစ်ဆင်ရေးပြုလုပ်နေစဥ် မဟာမိတ်ပူးပေါင်းတပ်များ၏ သွားလာလှုပ်ရှားမှုအခြေအနေများကို စစ်ကောင်စီထံ သတင်းပေးနေသူများ၊ စစ်ဆင်ရေးအတွင်း စစ်ဘေးရှောင်ပြည်သူများ၏ နေအိမ်များအား ဖောက်ထွင်းခိုးယူနေသူများ၊ လူသတ်မှုကျုးလွန်သူများ၊ တရားမဝင် ချဲရောင်းဝယ်သူများနှင့် ရပ်ရွာအတွင်း မူးယစ်ရမ်းကားသူများလည်းပါဝင်ပါသည်။





ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA သည် မူးယစ်ဆေးဝါး ကင်းစင်နယ်မြေဖြစ်စေရေးနှင့် မိဘပြည်သူလူထုများ အေးချမ်းစွာနေထိုင်စေရေး၊ မြို့နယ်အေးချမ်းသာယာစေရေးအတွက် ခိုးဆိုးလုယက်မရှိစေရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကိုလည်း ဦးစားပေးလုပ်ငန်းစဥ်တစ်ရပ်အနေဖြင့် လုပ်ဆောင်နေပါသည်။





၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)အတွင်း မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်များအား ဇွန်လ(၂၅)ရက်နေ့တွင် PSLF/TNLA နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ စတင်တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ(၂၄)ရက်နေ့တွင် စစ်ကောင်စီတပ်များအား ရှင်းလင်းနိုင်ခဲ့ပြီး အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မိုးကုတ်မြို့နယ်တွင် စစ်ဆင်ရေးအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်/သုံးစွဲသူများအပါအဝင် ပြစ်မှုကျုးလွန်သူ (၁၂၉)ဦးအား PSLF/TNLA ဖမ်းဆီးအရေးယူ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်