450

PSLF/TNLA ထိန်းချုပ်ထားသည့် မြို့နယ်များ၌ တအာင်းပြည် ဗဟိုတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများနှင့် ဥပဒေရှေ့နေများအား လုပ်ငန်းတာဝန်ခွဲဝေပြီး တာဝန်နှင့် ရာထူးများအပ်နှင်းသည့်အခမ်းအနားကျင်းပခဲ့

ဒေသတွင်းသတင်း / ဒေသတွင်း
11 August 2024

PSLF/TNLA ထိန်းချုပ်ထားသည့် မြို့နယ်များ၌ တအာင်းပြည် ဗဟိုတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများနှင့် ဥပဒေရှေ့နေများအား လုပ်ငန်းတာဝန်ခွဲဝေပြီး တာဝန်နှင့် ရာထူးများအပ်နှင်းသည့်အခမ်းအနားကျင်းပခဲ့


တအာင်းပြည် ၊ သြဂုတ်လ (၁၁)ရက်
ပြည်တွင်းသတင်း


၁၀၂၇ စစ်ဆင်ရေး အပိုင်း(၁)နှင့် အပိုင်း(၂)တွင် PSLF/TNLA ထိန်းချုပ်ထားသည့် မြို့နယ်များဖြစ်သော နမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ နမ္မတူမြို့နယ်၊ မိုင်းငေါ့မြို့နယ်၊ မိုင်းလုံမြို့နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ချိုမြို့နယ်၊ မိုးကုတ်မြို့နယ်၊ မိုးမိတ်မြို့နယ်နှင့် သီပေါမြို့နယ် စုစုပေါင်း မြို့နယ်(၁၂)ခုတွင် တအာင်းတပ်မတော် PSLF/TNLA မှ ဗဟိုတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများနှင့် ဥပဒေရှေ့နေများအားလုံးအား လုပ်ငန်းတာဝန်လွဲပြောင်းခြင်း၊ တာဝန်ခံအပ်ခြင်းနှင့် ရာထူး အပ်နှင်းခြင်း အခမ်းအနားကို တအာင်းပြည်၊ ထိန်းချုပ်နယ်မြေ တစ်နေရာတွင် ကျင်းပခဲ့ပါသည်။





သြဂုတ်လ (၁၁)ရက်နေ့တွင် တအာင်းပြည်အတွင်း တရားစီရင်ရေးစနစ် အားကောင်းစေရန်၊ တရား ဉပဒေစိုးမိုးရေးရှိစေရန်နှင့် တရားမျှတရေး ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး  တအာင်းပြည် ဗဟိုတရားသူကြီး (၃)ဦး၊ ခရိုင်တရားသူကြီး (၄)ဦး၊ မြို့နယ်တရားသူကြီး (၈)ဦးနှင့် ဥပဒေရှေ့နေ(၇)ဦး အသီးသီးတို့ထံ PSLF/TNLA ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ အမိန့်စာ ထုတ်ပြန်ပြီး အလုပ်ခန့်အပ်လွှာ အပ်နှင်းခဲ့ပါသည်။






ထိုအပြင် သက်ဆိုင်ရာ ဗဟိုတရားရုံး၊ ခရိုင်တရားရုံး၊ မြို့နယ်တရားရုံးနှင့် ဥပဒေရုံးတို့၏ လုပ်ငန်းတာဝန်များကိုလည်း အသိအမှတ်ပြုခဲ့ပြီး ၄င်းတို့အား လုပ်ငန်းနှင့် တာဝန်ရာထူးများခန့်အပ်ခဲ့ပါသည်။

ထိုတရားသူကြီးများ၏ အလုပ်နှင့်ရာထူးများခန့်အပ်လွှာ အပ်နှင်းသည့် အခမ်းအနားကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဉီး PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်၊ ဗဟိုအထွေထွေအုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးချုပ် တားဂူ;ဂျား၊ ဗဟိုအထွေထွေအုပ်ချုပ်ရေးဌာနမှ ဒု-ဌာနမှူး ဒု-ဗိုလ်မှူးကြီး တားအိုက်ကျော်၊ တအာင်းပြည် ဗဟိုတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများနှင့် ဥပဒေရှေ့နေများ စုစုပေါင်း (၂၉)ဦး တက်ရောက်ခဲ့ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: PSLF/TNLA ထိန်းချုပ်ထားသည့် မြို့နယ်များ၌ တအာင်းပြည် ဗဟိုတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများနှင့် ဥပဒေရှေ့နေများအား လုပ်ငန်းတာဝန်ခွဲဝေပြီး တာဝန်နှင့် ရာထူးများအပ်နှင်းသည့်အခမ်းအနားကျင်းပခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်