443

၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) (၄၄) ရက်မြောက် နောင်ချိုမြို့ ရေဖြူရွာ၌ တိုက်ပွဲဆက်လက်ဖြစ်ပွား ကွတ်ခိုင်မြို့၌ စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်

ဒေသတွင်းသတင်း / ဒေသတွင်း
07 August 2024

၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) (၄၄) ရက်မြောက် နောင်ချိုမြို့ ရေဖြူရွာ၌ တိုက်ပွဲဆက်လက်ဖြစ်ပွား ကွတ်ခိုင်မြို့၌ စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်

တအာင်းပြည် ၊ သြဂုတ်လ (၇)ရက်
တအာင်းပြည် စစ်ရေးသတင်း

တအာင်းပြည် တပ်မဟာ (၂) နယ်မြေ နောင်ချိုမြို့နယ် ရေဖြူရွာတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့ အကြားတိုက်ပွဲ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။





ယနေ့ သြဂုတ်လ (၇) ရက် မနက် (၇း၂၀) နာရီအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့၏ စစ်ကြောင်းမှ တအာင်းတပ်မတော် TNLA တည်ရှိရာသို့ ထိုးစစ်ဆင်လာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။






တအာင်းပြည်တပ်မဟာ (၅) နယ်မြေ ကွတ်ခိုင်မြို့ရှိ ကွတ်ခိုင်ဗျူဟာကုန်း၌ စစ်ကောင်စီတပ်မှ ဂျတ်ဖိုက်တာဖြင့် ဗုံး(၂)လုံး ထပ်မံကြဲချခဲ့သည်။ ယနေ့ သြဂုတ်လ(၇) ရက် ဗုံးကြဲမှုအတွင်း ထိခိုက်ပျက်စီးမှုမရှိသော်လည်း သြဂုတ်လ (၆)ရက်တွင် ကွတ်ခိုင်မြို့ ဈေးအတွင်း စစ်ကောင်စီတပ်မှ ပေါင် (၅၀၀)ဗုံး လာရောက်ကြဲချခြင်းကြောင့် အရပ်သား (၆)ဦးထပ်မနည်းသေဆုံးပြီး (၁၀) ထိခိုက်ဒဏ်ရာရကာ ဈေးနှင့် အခြားလူနေအိမ် မီးလောင်ပြာကျသွားသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) (၄၄) ရက်မြောက် နောင်ချိုမြို့ ရေဖြူရွာ၌ တိုက်ပွဲဆက်လက်ဖြစ်ပွား ကွတ်ခိုင်မြို့၌ စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်