399

လားရှိုးတွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား(၃)သေဆုံးပြီး (၃)ဦးထိခိုက်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
26 July 2024

လားရှိုးတွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား(၃)သေဆုံးပြီး (၃)ဦးထိခိုက်ဒဏ်ရာရ


လားရှိုး၊ ဇူလိုင် ၂၆ ရက်  

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ(၆) နယ်မြေ လားရှိုးမြို့တွင် MNDAA မှ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)အား သိမ်းပိုက်နိုင်ခဲ့ပြီဟုကြေညာပြီး ယမန်နေ့ဇူလိုင်လ (၂၅)ရက်နေ့တွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား(၃)ဦးသေဆုံးကာ (၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။





ဖြစ်စဉ်တွင် ယမန်နေ့ ဇူလိုင်လ ၂၅ ရက်နေ့တွင် စစ်ကောင်စီက လေကြောင်းဖြင့်လာရောက်တိုက်ခိုက်မှုကြောင့် လားရှိုးမြို့တွင်းရှိ မိသားစုဝင်(၃)ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။ ရပ်ကွက်(၇)၊ ရပ်ကွက်(၁)နှင့် ရပ်ကွက်(၁၂)တို့တွင်လည်း  လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ရာ အရပ်သား(၃)ဉီးထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်တချို့ထိခိုက်ပျက်စီးခဲ့သည်။


တိုက်ပွဲကာလ(၁)လအတွင်း လားရှိုးမြို့တွင် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ အရပ်သားများတည်ရှိရာဦးတည်ပြီး လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား စုစုပေါင်း (၃၈)ဦးသေဆုံးပြီး (၄၈)ဦးထိခိုက်ဒဏ်ရာရရှိသည့်အပြင် အရပ်သားနေအိမ်(၉)လုံးထက်မနည်းပျက်ဆီးကာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်း(၅)ကျောင်းထိခိုက်ပျက်စီးခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: လားရှိုးတွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား(၃)သေဆုံးပြီး (၃)ဦးထိခိုက်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်