387

စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဇူလိုင်လ ၁၉ ရက်မှ ၂၂ရက်နေ့အထိ (၄)ရက်အတွင်း အရပ်သား (၁၅) ဦးသေဆုံးပြီး (၅)ဦးဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
23 July 2024

စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဇူလိုင်လ ၁၉ ရက်မှ ၂၂ရက်နေ့အထိ (၄)ရက်အတွင်း အရပ်သား (၁၅) ဦးသေဆုံးပြီး (၅)ဦးဒဏ်ရာရ

ဇူလိုင် ၂၃ ရက်
တအာင်းပြည်သတင်း

ဇူလိုင်လ (၁၉)ရက်နေ့မှ (၂၂)ရက်နေ့အထိ (၄)ရက်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား (၁၅) ဦးသေဆုံးပြီး (၅)ဦးဒဏ်ရာရရှိကာ နေအိမ်(၉)လုံး ထိခိုက်ပျက်စီးခဲ့သည်။

ဖြစ်စဉ်တွင် ဇူလိုင်လ (၁၉) ရက်နေ့တွင်လည်း ကျောက်မဲမြို့ အင်ကြင်းတောင်အထက်တွင် စစ်ကောင်စီ၏ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား (၅)ဦးထိမှန်သေဆုံးသွားခဲ့ပြီး စာသင်ကျောင်းနှင့် နေအိမ် (၆)လုံး ပျက်စီးသွားခဲ့သည်။

ထို့အပြင် ဇူလိုင်လ (၂၀)ရက်နေ့ ညနေ(၆း၃၀)အချိန်တွင် ကျောက်မဲမြို့ ဒေသခံ (၄)ဦးသည် ဆိုင်ကယ် (၂) စီးဖြင့်မောင်းနှင်လာစဥ် ဂိတ်စောင့်စစ်ကောင်စီတပ်မှ တားဆီးမေးမြန်းမှုမရှိဘဲ သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီး ထိုနေရာတွင်ပင် ၎င်းတို့ (၄) ဦးလုံး ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။ သေဆုံးသွားသည့် ဒေသခံ ၄ ဦး၏ရုပ်အလောင်းများအား အခင်းဖြစ်ပွားရာ လမ်းဘေးတွင် စုပုံစွန့်ပစ်ထားခဲ့သည်။

၎င်းအပြင် ဇူလိုင် (၂၁)ရက်နေ့ ကျောက်မဲမြို့ရှိ နမ့်တုံရပ်နှင့် ရပ်ကွက်(၈)တို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး (၁)ဦး ဒဏ်ရာရရှိပြီး အမျိုးသား (၁)ဦးနှင့် အမျိုးသမီး(၂)ဦးလက်နက်ကြီးစထိမှန်သေဆုံးပြီးသွားခဲ့သည်။

အလားတူ ယမန်နေ့ ဇူလိုင်လ ၂၂ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်မဲမြို့နယ် နမ့်ဟူးတောင်းအထက်ကျေးရွာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ်(၁)ဦးအပါအဝင် ဒေသခံ (၂)ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။

ထို့နောက် နောင်ချို ရွှေပြည်ညွန့်လမ်းအနီး  စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး(၂)ဦးဒဏ်ရာပြင်းထန်မှုရရှိခဲ့ပြီး ‌ရှောက်ခြုံကျေးရွာနှင့် ကံကြီးကျေးရွာတို့တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား (၃)ဦးသေဆုံးပြီး နေအိမ် (၃)လုံးထိခိုက်ပျက်စီးသွားခဲ့သည်။

ဇွန်လ ၂၅ ရက်နေ့မှ ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့သည့် (၂၈)ရက်အတွင်းတွင် စစ်ကောင်စီတပ်မှ အရပ်သားများရှိရာသို့ ဦးတည်ပြီး လေကြောင်းနှင့် လက်နက်ကြီးဆက်တိုက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား (၁၀၉) ဦးသေဆုံးပြီး (၁၃၆) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

#PSLF/TNLA
#သတင သတင်းနှင့်ပြန်ကြားရေးဌာန

Topics: စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဇူလိုင်လ ၁၉ ရက်မှ ၂၂ရက်နေ့အထိ (၄)ရက်အတွင်း အရပ်သား (၁၅) ဦးသေဆုံးပြီး (၅)ဦးဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်