377

တစ်ဖက်သတ်အပစ်ရပ်ထားသော်လည်း စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား(၆)ဦးပွဲချင်းပြီးသေဆုံး၊ (၁)ဦးဒဏ်ရာရရှိပြီး နေအိမ် (၄)လုံး မီးလောင်ပျက်စီး

ဒေသတွင်းသတင်း / ဒေသတွင်း
17 July 2024

တစ်ဖက်သတ်အပစ်ရပ်ထားသော်လည်း စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား(၆)ဦးပွဲချင်းပြီးသေဆုံး၊ (၁)ဦးဒဏ်ရာရရှိပြီး နေအိမ် (၄)လုံး မီးလောင်ပျက်စီး

ဇူလိုင် ၁၇ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၂)နှင့်တပ်မဟာ(၆) နယ်မြေတို့တွင် စစ်ကောင်စီပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့်  အရပ်သား (၆) ဦီး ပွဲချင်းပြီးသေဆုံးပြီး (၁)ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ်(၄)လုံးမီးလောင်ပျက်စီးသွားခဲ့သည်။





ဖြစ်စဉ်တွင် ယမန့်နေ့ ကျောက်မဲမြို့ ခိုမုန်းသစ်စက်ဝန်းတွင် စစ်ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးတစ်လုံး အရပ်သားနေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲရာ အသက် (၄၀) နှစ်အရွယ် အမျိုးသမီး(၁)နှင့် အမျိုးသား (၂)ဦးပွဲချင်းပြီးသေဆုံးခဲ့သည့်အပြင်  ရပ်ကွက် (၈)တွင်လည်း  ကားဝမ်ရှော့ဆိုင်အတွင်း လက်နက်ကြီးကျရောက်‌ပေါက်ကွဲမှုကြောင့် မီးလောင်မှုဖြစ်ပွားရာ ကား(၃)စီး မီးလောင်ပျက်စီးသွားခဲ့သည်။

အလားတူ လားရှိုးမြို့ ရပ်ကွက် (၁)တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် မိသားစုဝင် (၃) ဦးလက်နက်ကြီးစထိမှန်သေဆုံးသွားခဲ့သည်။






ထို့အပြင် မိုးကုတ်အ‌ရှေ့ပိုင်း ညောင်လေးပင်တွင် လက်နက်ကြီးနေအိမ်ပေါ်သို့ကျရောက်မှုကြောင့် အမျိုးသားတစ်ဦးထိမှန်ဒဏ်ရာရရှိပြီး ချမ်းမြေ့သာယာရပ်ကွက်နှင့် ရေပူတွင်လည်း လက်နက်ကြီးကျ ရောက်ပေါက်ကွဲမှု ဖြစ်ရာ နေအိမ် (၃)လုံးထိမှန်ပြီး မီးလောင်ပျက်စီးသွားခဲ့သည်။


ပလောင်ပြည်နယ်လွတ်‌မြောက်ရေးတပ်ဦး PSLF/TNLA မှ (၄) ရက် အပစ်ရပ်ထားသော်လည်း စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးဆက်တိုက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပစ်ရပ် (၃) ရက်အတွင်းတွင် အရပ်သား (၉) ဦးသေဆုံးပြီး (၉) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။






တိုက်ပွဲ (၂၃) ရက်အတွင်းတွင် စစ်ကောင်စီမှ အရပ်သားများ ဦးတည်ပြီးလေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား (၇၆) ဦးသေဆုံးပြီး (၁၁၂) ဉီးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တစ်ဖက်သတ်အပစ်ရပ်ထားသော်လည်း စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား(၆)ဦးပွဲချင်းပြီးသေဆုံး၊ (၁)ဦးဒဏ်ရာရရှိပြီး နေအိမ် (၄)လုံး မီးလောင်ပျက်စီး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်