364

တစ်ဖက်သတ်အပစ်ရပ်ရန် ညွှန်ကြားထားသော်လည်း စစ်ကောင်စီတပ်မှလေကြောင်းနှင့် လက်နက်ကြီးဆက်လက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား (၁)ဦးသေဆုံးပြီး (၃)ထိခိုက်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
15 July 2024

တစ်ဖက်သတ်အပစ်ရပ်ရန် ညွှတ်ကြားထားသော်လည်း စစ်ကောင်စီတပ်မှလေကြောင်းနှင့် လက်နက်ကြီးဆက်လက်ပစ်ခတ်တိုက်ခိုက်မှုကြောင့်  အရပ်သား (၁)ဦးသေဆုံးပြီး (၃)ထိခိုက်ဒဏ်ရာရ

ကျောက်မဲ၊ ဇူလိုင် ၁၅ ရက်
တအာင်းပြည်သတင်း

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ ဇူလိုင်လ (၁၄)ရက်နေ့ ည(၁၂း၀၀)နာရီမှ (၁၈)ရက်နေ့ ည (၁၂း၀၀)နာရီအထိ လေးရက်တာ တစ်ဖက်သတ်အပစ်ရပ်ရန်ထားသော်လည်း စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးဆက်တိုက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား (၁)ဦးသေဆုံးပြီး (၃) ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့သည်။








ဖြစ်စဥ်တွင် ယနေ့ ညနေ (၃:၀၀) နာရီအချိန် ကျောက်မဲမြို့တွင် စစ်ကောင်စီမှ လက်နက်ကြီး အလုံး(၃၀)ခန့်ပစ်ခတ်ခဲ့ရာ နမ့်ဟူးတောင်အထက်ကျေးရွာနေ အဖွားအို (၁)ဦးထိမှန်သေဆုံးသွားသည်။

အလားတူ ကျောက်မဲမြို့ ရပ်ကွက် (၉)တွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ထိမှန်မှုကြောင့် အရပ်သား (၃) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် ယနေ့နေ့လည်(၃း၀၀)ခန့်အချိန် သိန္နီမြို့ လမ်းဆုံတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။






တိုက်ပွဲ (၂၁) ရက်နေ့အတွင်းတွင် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား (၆၇) ဦးသေဆုံးပြီး (၁၀၆)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တစ်ဖက်သတ်အပစ်ရပ်ရန် ညွှန်ကြားထားသော်လည်း စစ်ကောင်စီတပ်မှလေကြောင်းနှင့် လက်နက်ကြီးဆက်လက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား (၁)ဦးသေဆုံးပြီး (၃)ထိခိုက်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်