361

စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား (၃) ဉီးသေဆုံးပြီး (၉) ဉီး ထိခိုက်ဒဏ်ရာရရှိ

ဒေသတွင်းသတင်း / ဒေသတွင်း
13 July 2024

စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား (၃) ဉီးသေဆုံးပြီး (၉) ဉီး ထိခိုက်ဒဏ်ရာရရှိ


ဇူလိုင်လ ၁၃ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ(၆)၊တပ်မဟာ(၂)နယ်မြေတို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် အရပ်သား (၃) ဉီးသေဆုံးပြီး (၉) ဉီးထိခိုက်ဒဏ်ရာရရှိခဲ့သည်။






ဖြစ်စဉ်တွင် ယမန်နေ့ ညနေ (၄း၃၀) အချိန်တွင် လားရှိုးမြို့ ရပ်ကွက်(၄)ရှိ အ.ထ.က (၅) ကျောင်းဝန်းအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သားပြည်သူ (၃) ဉီးသေဆုံးသွားခဲ့သည်။ 






ထို့အပြင် ရပ်ကွက် (၂)နှင့်ရပ်ကွက် (၁၀)တို့တွင် လည်း ယနေ့နံနက်အချိန်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ရပ်ကွက်နေ အရပ်သား (၅)ဉီးထိခိုက် ဒဏ်ရာရရှိခဲ့ပြီး၊ ရပ်ကွက် (၁)တွင် လက်နက်ကြီးကျရောက်မှုကြောင့်လည်း အရပ်သားနေအိမ် (၁)အိမ် မီးလောင်ပျက်စီးသွားခဲ့သည်။





အလားတူ ကျောက်မဲမြို့အနီးရှိ မန်ခဲကျေးရွာတွင်လည်း စစ်ကောင်စီလက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် အသက် ၁၀ နှစ်အောက် ကလေး (၂)ဉီးနှင့် အမျိုးသား (၂)ဉီးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

တိုက်ပွဲ (၁၉)ရက်အတွင်းတွင် စစ်ကောင်စီမှ အရပ်သား ဉီးတည်ပြီး လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား (၆၁) ဉီးသေဆုံးပြီး (၉၁) ဉီးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား (၃) ဉီးသေဆုံးပြီး (၉) ဉီး ထိခိုက်ဒဏ်ရာရရှိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်