352

စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား (၃)ဉီးသေဆုံးပြီး (၁၂)ဉီးထိခိုက်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
10 July 2024

စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား (၃)ဉီးသေဆုံးပြီး (၁၂)ဉီးထိခိုက်ဒဏ်ရာရ


ဇူလိုင် ၁၀ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၆)နှင့် တပ်မဟာ (၂)စစ်ဒေသတို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား (၃) ဉီးသေဆုံးသွားပြီး (၁၂)ဉီးထိခိုက်ဒဏ်ရာရရှိခဲ့သည်။




ဖြစ်စဉ်တွင် ယနေ့ နံနက်အချိန်တွင် လားရှိုးမြို့ ရပ်ကွက် (၉)အတွင်းသို့ စစ်ကောင်စီ၏ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးတစ်ဉီးအပါအဝင် အမျိုသားတစ်ဉီးနှင့် အမျိုးသမီးတစ်ဉီး သေဆုံးသွားပြီး (၁၀)ဉီး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် နေအိမ် (၅)လုံး ထိခိုက်ပျက်စီးသွားခဲ့သည်။





အလားတူ မိုးကုတ်မြို့အရှေ့ပိုင်းရှိ မင်းတံတားတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား (၂)ဉီး ဒဏ်ရာပြင်းထန်ရရှိခဲ့သည့်အပြင် နေအိမ် (၂)လုံး ထက်မနည်းထိခိုက်ပျက်စီးခဲ့သည်။





ဇွန်လိုင်လ (၂၅) ရက်နေ့မှ ဇူလိုင် (၁၀) ရက်နေ့အထိ စစ်ကောင်စီ လေကြောင်းနှင့် လက်နက်ကြီးကြောင့် အရပ်သား (၅၄) ဉီးသေဆုံးပြီး (၈၂) ဉီး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထိုအပြင် အရပ်သားပြည်သူနေအိမ် (၉၀)ထက်မနည်းထိခိုက်ပျက်စီးခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား (၃)ဉီးသေဆုံးပြီး (၁၂)ဉီးထိခိုက်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်