336

စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် လားရှိုးမြို့ရှိ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲပြီး မိသားစုဝင် (၆)ဦးလုံး ပွဲချင်းပြီးသေဆုံး

ဒေသတွင်းသတင်း / ဒေသတွင်း
03 July 2024

စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် လားရှိုးမြို့ရှိ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲပြီး မိသားစုဝင် (၆)ဦးလုံး ပွဲချင်းပြီးသေဆုံး

လားရှိုး၊ ဇူလိုင် ၃ ရက်
တအာင်းပြည်သတင်း

တအာင်းပြည် တပ်မဟာ (၆) စစ်ဒေသ လားရှိုးမြို့နယ်တွင် စစ်ကောင်စီတပ်မှ  လက်နက်ကြီးပစ်ခတ်ခဲ့မှုကြောင့် မိသားစုဝင် (၆)ဦးအပါအဝင် အရပ်သား (၇) ဉီးသေဆုံးပြီး (၂) ဉီးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယနေ့ ဇူလိုင်လ ၃ ရက်နေ့ နံနက် (၈:၃၀) အချိန်တွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးတစ်လုံးသည် လားရှိုးမြို့ ရပ်ကွက် (၁)ရှိ နေအိမ်ပေါ်သို့ကျရောက်ပေါက်ကွဲခဲ့ပြီး ထိုအိမ်အတွင်းရှိ မိသားစုဝင် (၆) ဉီးလုံးပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

အလားတူ လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာတွင်လည်း နေအိမ်တစ်အိမ်အပေါ်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသား (၂) ဉီးထိခိုက်ဒဏ်ရာရရှိသည်။

ထို့အပြင် ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊သီပေါမြို့တွင်လည်း တအာင်းတပ်မတော် (TNLA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား (၂၅)ဉီးသေဆုံးပြီး၊ (၃၇)ဦး ထိခိုက်ဒဏ်ရာရရှိသည့်အပြင် အရပ်သားနေအိမ် (၅၀) နီးပါး ထိခိုက်ပျက်ဆီးခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် လားရှိုးမြို့ရှိ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲပြီး မိသားစုဝင် (၆)ဦးလုံး ပွဲချင်းပြီးသေဆုံး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်