70

(၆၃) နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အခမ်းအနားသို့ ညီနောင်မဟာမိတ် (၃) ဖွဲ့ ဖြစ်သော MNTJP/MNDAA ၊ PSLF/TNLA နှင့် ULA/AA တို့ထံမှ ပေးပို့အပ်သော သဝဏ်လွှာ

ဂုဏ်ပြုသဝဏ်လွှာ
05 February 2024

(၆၃) နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အခမ်းအနားသို့ ညီနောင်မဟာမိတ် (၃) ဖွဲ့ ဖြစ်သော MNTJP/MNDAA ၊ PSLF/TNLA နှင့် ULA/AA တို့ထံမှ ပေးပို့အပ်သော သဝဏ်လွှာ


၂၀၂၄ ခုနှစ် ၊ ဖေဖော်ဝါရီလ (၅) ရက်


မြန်မာနိုင်ငံအတွင်း၌ တိုင်းရင်းသားလူမျိုးအသီးသီးတို့သည် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းဆုံးဖြတ်ပိုင်ခွင့်၊ ကိုယ့်ကံကြမ္မာကိုကိုယ်ဖန်တီးနိုင်ခွင့်အပါအဝင် ဗမာလူမျိုးကြီးဝါဒနှင့် ဖက်ဆစ်အကြမ်းဖက် စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးတို့အတွက် စစ်အာဏာရှင်တို့အား တစိုက်မတ်မတ် တော်လှန်တိုက်ပွဲဝင်နေခဲ့ကြသည်မှာ ဆယ်စုနှစ်ပေါင်းများစွာရှိခဲ့ပြီဖြစ်သည်။ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ တအာင်း၊ ကိုးကန့် အပါအဝင် ဤနိုင်ငံအတွင်းမှ အခြားသော တိုင်းရင်းသားလူမျိုးများစွာတို့သည်လည်း လူမျိုးကြီးဝါဒနှင့် ဖက်ဆစ်အကြမ်းဖက် စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးအတွက် လူမျိုးကိုယ်စားပြု တော်လှန်ရေးအဖွဲ့အစည်းများကို အသီးသီးဖွဲ့စည်းပြီး စစ်အာဏာရှင်အား တော်လှန်တိုက်ပွဲဝင်နေကြဆဲဖြစ်သည်။


ဗမာလူမျိုးကြီးဝါဒအား ဗမာလူမျိုးများသည်ပင်လျှင် တော်လှန်တိုက်ပွဲဝင်နေကြသည့် အချိန်ကာလသို့ ရောက်ရှိလာကာ ဖက်ဆစ်အကြမ်းဖက် စစ်အာဏာရှင်စနစ်အား တော်လှန်ကြသည့်ကာလမှာ ယခုတစ်ကြိမ်သည် တော်လှန်ရေးအရှိန်အမြင့်ဆုံးနှင့် တော်လှန်ရေးအဖွဲ့အစည်းများအတွက် မျှော်လင့်ချက်အရှိဆုံးသောကာလဖြစ်သည်။ မိမိတို့နှင့် ဘဝတူတော်လှန်ရေးအဖွဲ့အစည်းများထဲမှ တစ်ဖွဲ့ဖြစ်သော ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သည်လည်း ကချင်လူမျိုးများအတွက်  ဦးဆောင်တိုက်ပွဲဝင်နေသော တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ယနေ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်နေ့ဆိုလျှင် ကချင်တော်လှန်ရေး (၆၃) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။


ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) စတင်ဖွဲ့စည်းသည့်အချိန်မှ ယနေ့အထိ တော်လှန်ရေးကာလအတွင်း အသက်၊ ဘဝ၊ ခန္ဓာပေးဆပ်စွန့်လွှတ် အနစ်နာခံခဲ့ကြသော ကချင့်အာဇာနည်၊ ကချင့်‌သူရဲကောင်းများကို ဦးညွှတ်အလေးပြုအပ်ပါသည်။ ကချင်ပြည်သူလူထုတစ်ရပ်လုံးမှ လိုလား‌သော နိုင်ငံရေး ရည်မှန်းချက်၊ KIO/KIA ရည်မှန်းထားသော စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များ အမြန်ဆုံး ပြည့်ဝပါစေကြောင်း  ညီနောင်မဟာမိတ် (၃) ဖွဲ့မှ လေးနက်စွာ ဆုတောင်းပေးရင်း ယနေ့ကျရောက်သော (၆၃) နှစ်မြောက် ကချင်တော်လှန်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုပြီး ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။


ညီနောင်မဟာမိတ် (၃) ဖွဲ့

Topics: (၆၃) နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အခမ်းအနားသို့ ညီနောင်မဟာမိတ် (၃) ဖွဲ့ ဖြစ်သော MNTJP/MNDAA ၊ PSLF/TNLA နှင့် ULA/AA တို့ထံမှ ပေးပို့အပ်သော သဝဏ်လွှာ
Tags: ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းတပ်မတော် ထုတ်ပြန်ချက်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်