553

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) (၉၀)ရက်မြောက် နောင်ချိုမြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိ

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
22 September 2024

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) (၉၀)ရက်မြောက် နောင်ချိုမြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိ


တအာင်းပြည်၊ စက်တင်ဘာ(၂၂)ရက်

တအာင်းပြည်စစ်ရေးသတင်း


တအာင်းပြည် တပ်မဟာ (၂) နယ်မြေ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီ အမြောက်တပ် (၂၀၆)တပ်စခန်းနှင့် တောင်ခမ်းရွာရှိ စစ်ကောင်စီတပ် (၉၀၂)တပ်စခန်းနေရာတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။




ယနေ့ မနက် (၉း၂၀)နာရီအချိန်တွင် စစ်ကောင်စီ အမတ(၂၀၆)တပ်၌လည်းကောင်း၊ တောင်ခမ်းရွာရှိ စစ်ကောင်စီတပ် (၉၀၂) တပ်ခန်းနေရာတွင် ညနေ(၄း၄၀)နာရီအချိန်၌ တိုက်ပွဲဖြစ်ပွားခဲ့သည်။





တိုက်ပွဲဖြစ်ပွားလျက်ရှိသော နောင်ချိုမြို့ စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၁)ကြိမ် ဗုံး (၂)လုံး၊ မကျီးရေရွာ၊ စစ်ကောင်စီ အမတ (၃၅၄)တပ်စခန်းနှင့် တောင်ခမ်းရွာရှိ စစ်ကောင်စီတပ် (၉၀၂)တပ်စခန်းနေရာတွင် Y-12 ဖြင့် (၇)ကြိမ် ဗုံး(၆၀)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။ ထို့အပြင် နောင်ချိုမြို့ တောင်ခမ်းရွာရှိ စစ်ကောင်စီတပ် (၉၀၂) တပ်စခန်းနေရာတွင် ထောက်ပို့ယာဉ် Y8 ဖြင့် (၈)ကြိမ် လက်နက်ခဲယမ်းများ (၄၅)ထုပ် လာရောက်ကြဲချခဲ့သည်။


ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်လာ၍ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) (၉၀)ရက်မြောက် နောင်ချိုမြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်