525

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) (၇၅)ရက်မြောက် နောင်ချိုမြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိ

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
07 September 2024

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) (၇၅)ရက်မြောက် နောင်ချိုမြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိ

တအာင်းပြည်၊ စက်တင်ဘာ(၇)ရက်
တအာင်းပြည်စစ်ရေးသတင်း

တအာင်းပြည် တပ်မဟာ (၂) နယ်မြေ နောင်ချိုမြို့နယ် သဲခေါ်ရွာ၊ မကျီးရေရွာနှင့် စစ်ကောင်စီ အမြောက်တပ်(၃၅၄)တပ်စခန်းနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

ယနေ့ နံနက်  (၄း၁၀) နာရီအချိန်တွင် သဲခေါ်ရွာ၌လည်းကောင်း၊ မကျီးရေရွာနှင့် စစ်ကောင်စီအမြောက်တပ် (၃၅၄)တပ်စခန်း နံနက် (၈း၄၀)နာရီအချိန်၌လည်းကောင်း တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားလျက်ရှိသော တောင်ခမ်းရွာရှိ စစ်ကောင်စီတပ် (၉၀၂)တပ်စခန်းနေရာတွင် Y12ဖြင့် (၇)ကြိမ် ဗုံး(၃၈)လုံး၊ မကျီးရေရွာ Jet Fighter ဖြင့်(၂)ကြိမ်၊ စစ်ကောင်စီအမြောက်တပ် (၃၅၄)တပ်စခန်းနေရာတွင် Y12 ဖြင့်(၁၂)ကြိမ် ဗုံး(၆၀)လုံးလာရောက်ကြဲချခဲ့သည်။ထို့အပြင် တောင်ခမ်းရွာရှိ စစ်ကောင်စီတပ်(၉၀၂)တပ်စခန်းနေရာတွင် ထောက်ပို့ယာဉ် Y12 ဖြင့် လက်နက်ခဲယမ်းများ (၈၃)ထုပ်လာရောက်ကြဲချခဲ့သည်။

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) (၇၅)ရက်မြောက် နောင်ချိုမြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်