499

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) (၆၅)ရက်မြောက် နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး၊ စစ်ကောင်စီတပ်မှ လေကြောင်းအပြင်းအထန် အသုံးပြုတိုက်ခိုက်

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
28 August 2024

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) (၆၅)ရက်မြောက် နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး၊ စစ်ကောင်စီတပ်မှ လေကြောင်းအပြင်းအထန် အသုံးပြုတိုက်ခိုက်

တအာင်းပြည်၊ သြဂုတ်လ(၂၈)ရက်
တအာင်းပြည်စစ်ရေးသတင်း

တအာင်းပြည် တပ်မဟာ (၂) နယ်မြေ နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာရှိ စစ်ကောင်စီ (၉၀၂) တပ်စခန်း၊ (၄၀၆)တပ်စခန်းနှင့် (၂၀၆) တပ်စခန်းတို့တွင်  တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။





ယနေ့ နံနက် (၃း၀၀) နာရီအချိန် စေတီကုန်းရှိ (၄၀၆) စစ်ကောင်စီတပ်စခန်း၌လည်းကောင်း၊ (၆း၀၀)နာရီအချိန် တောင်ခမ်းကျေးရွာရှိ (၉၀၂) စစ်ကောင်စီတပ်၌ လည်းကောင်း၊ နံနက်(၆း၀၀)မှ ညနေ(၅း၀၀)အထိ (၂၀၆) စစ်ကောင်စီတပ်၌ လည်းကောင်း တိုက်ပွဲဖြစ်ပွားခဲ့သည်။




အင်းဖိုကျေးရွာနှင့် တောင်ခမ်းရွာ ၌ စစ်ကောင်စီ (၉၀၂) တပ်စခန်း တိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်မှ  Y12 ဖြင့် (၃)ကြိမ် ၊ ဗုံး (၁၀၀) လုံး၊  ဂျက်ဖိုက်တာ (၄)ကြိမ်၊ ဗုံး (၆)လုံး၊ မိုင်တိုင် (၇)တွင် ဂျက်ဖိုက်တာ (၁)ကြိမ်  ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) (၆၅)ရက်မြောက် နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး၊ စစ်ကောင်စီတပ်မှ လေကြောင်းအပြင်းအထန် အသုံးပြုတိုက်ခိုက်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်