449

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၄၇)ရက်မြောက် သီပေါမြို့၌တိုက်ပွဲဖြစ်ပွားပြီး နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
10 August 2024

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၄၇)ရက်မြောက် သီပေါမြို့၌တိုက်ပွဲဖြစ်ပွားပြီး နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့



တအာင်းပြည်၊ သြဂုတ်လ (၁၀) ရက်

တအာင်းပြည် စစ်ရေးသတင်း 


တအာင်းပြည် တပ်မဟာ(၂)နယ်မြေ သီပေါမြို့နယ် ညောင်ပင်ကုန်း(အကျဥ်းထောင်)၌ နံနက် (၈း၃၀) နာရီအချိန်တွင် တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီတပ် စကခ(၁)လက်အောက်ခံ ခမရ(၅၀၃၊ ၅၀၄)၊ ခလရ (၂၃)တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထို့ပြင် သီပေါမြို့နယ် စံဖိတ်ရွာနှင့် အေရှားဝေါ တိုးဂိတ်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်။ 





တအာင်းပြည် တပ်မဟာ (၂)နယ်မြေ နောင်ချိုမြို့နယ် ရွှေမုဌောရွာ၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ Y-12 လေယာဉ်ဖြင့် (၇)ကြိမ် ဗုံး (၄၂)လုံး ကြဲချခဲ့သည်။






သြဂုတ်လ(၉)ရက်နေ့တွင်လည်း သီပေါမြို့ မိုင်တိုင် (၉)တွင် စစ်ကောင်စီတပ်မှ Y-12 လေယာဉ်ဖြင့် ဗုံး (၅၀)လုံး လာရောက်ပစ်ချ တိုက်ခိုက်ခဲ့သည်။


#PSLF/TNLA 

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၄၇)ရက်မြောက် သီပေါမြို့၌တိုက်ပွဲဖြစ်ပွားပြီး နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်