430

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၄၂)ရက်မြောက် ကျောက်မဲမြို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး၊ စစ်ကောင်စီတပ်မှ ရည်ရွယ်ချက်ရှိရှိ အရပ်သားပြည်သူများကို လေကြောင်းဖြင့် အသုံးပြုတိုက်ခိုက်

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
05 August 2024

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၄၂)ရက်မြောက် ကျောက်မဲမြို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး၊ စစ်ကောင်စီတပ်မှ ရည်ရွယ်ချက်ရှိရှိ အရပ်သားပြည်သူများကို လေကြောင်းဖြင့် အသုံးပြုတိုက်ခိုက်


တအာင်းပြည်၊ သြဂုတ်လ ၅ ရက်

တအာင်းပြည် စစ်ရေးသတင်း


တအာင်းပြည် တပ်မဟာ (၂) နယ်မြေ ကျောက်မဲမြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်း စကခ-၁၊ ခမရ (၅၀၁၊ ၅၀၂) စခန်းကုန်းအား ယနေ့ နံနက် (၅း၀၅)နာရီအချိန်တွင် တအာင်းတပ်မတော် TNLA မှ တိုက်ခိုက်ခဲ့သည်။ စခန်းကုန်း အနီးတဝိုက်သို့ စစ်ကောင်စီတပ်မှ Y12 ဖြင့် ဗုံး (၉၆)လုံး၊ ပတ္တမြားစေတီအနီးတဝိုက်သို့ Y12 ဖြင့် ဗုံး (၂)လုံး နှင့် Jet Fighter ဖြင့် (၄)ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 




 ထို့ပြင် တပ်မဟာ(၅)နယ်မြေ ကွတ်ခိုင်မြို့အတွင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ ရည်ရွယ်ချက်ရှိရှိ Jet Fighter ဖြင့် ဗုံး (၇)လုံး ပြည်သူလူထုများကို ဦးတည်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 


ယနေ့ သြဂုတ်လ ၅ ရက်တွင် စစ်ကောင်စီတပ်မှ နောင်ချိုမြို့နယ် ကန်ကြီးရွာသို့   Jet Fighter ဖြင့် (၃)ကြိမ် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ 


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၄၂)ရက်မြောက် ကျောက်မဲမြို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး၊ စစ်ကောင်စီတပ်မှ ရည်ရွယ်ချက်ရှိရှိ အရပ်သားပြည်သူများကို လေကြောင်းဖြင့် အသုံးပြုတိုက်ခိုက်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်