427

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၄၁)ရက်မြောက် တအာင်းပြည် နောင်ချိုမြို့နယ်တွင် တိုက်ပွဲပြင်းထန်ပြီး၊ စစ်ကောင်စီတပ်မှ လေကြောင်းအပြင်းအထန်အသုံးပြုတိုက်ခိုက်

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
04 August 2024

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၄၁)ရက်မြောက် တအာင်းပြည် နောင်ချိုမြို့နယ်တွင် တိုက်ပွဲပြင်းထန်ပြီး၊ စစ်ကောင်စီတပ်မှ လေကြောင်းအပြင်းအထန်အသုံးပြုတိုက်ခိုက်

 

တအာင်းပြည်၊ သြဂုတ်လ ၄ ရက်

တအာင်းပြည် စစ်ရေးသတင်း

 

တအာင်းပြည် တပ်မဟာ(၂)နယ်မြေ နောင်ချိုမြို့နယ် ရွှေမုဠောရွာသို့ ယနေ့ ညနေ (၅း၂၅)နာရီအချိန်တွင် စစ်အင်အား ဖြည့်တင်းလာသော စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။

 



တပ်မဟာ (၂) နယ်မြေ ကျောက်မဲမြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်း စကခ-၁၊ ခမရ (၅၀၁၊ ၅၀၂) စခန်းကုန်းအနီးတဝိုက်သို့ စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၃)ကြိမ်၊ ပတ္တမြားစေတီအနီးတဝိုက်သို့ Jet Fighter ဖြင့် ဗုံး (၄)ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။


ယနေ့ သြဂုတ်လ ၄ ရက်တွင် စစ်ကောင်စီတပ်မှ ကျောက်မဲမြို့နယ် ခမရ (၅၀၁၊ ၅၀၂) တပ်စခန်းအတွင်းသို့ Y12 ဖြင့် လက်နက်ခဲယမ်းများ (၁၃)ထုတ် လာရောက်ကြဲချပေးခဲ့သည်။

 

#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၄၁)ရက်မြောက် တအာင်းပြည် နောင်ချိုမြို့နယ်တွင် တိုက်ပွဲပြင်းထန်ပြီး၊ စစ်ကောင်စီတပ်မှ လေကြောင်းအပြင်းအထန်အသုံးပြုတိုက်ခိုက်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်