420

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၃၉)ရက်မြောက် တအာင်းပြည် ကျောက်မဲမြို့နှင့် နောင်ချိုမြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွား

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
02 August 2024

 

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၃၉)ရက်မြောက် တအာင်းပြည် ကျောက်မဲမြို့နှင့် နောင်ချိုမြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွား

 

တအာင်းပြည်၊ သြဂုတ်လ ၂ ရက်

တအာင်းပြည် စစ်ရေးသတင်း

 အာင်းပြည် တပ်မဟာ (၂) နယ်မြေ ကျောက်မဲမြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်း ခမရ (၅၀၁၊ ၅၀၂) စခန်းကုန်းအား ယနေ့ နံနက် (၅း၄၅)နာရီအချိန်တွင် တအာင်းတပ်မတော် TNLA မှ တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာနှင့် ပတ္တမြားစေတီအနီးတဝိုက်သို့ စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၇)ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

 





အလားတူ တပ်မဟာ(၂)နယ်မြေ နောင်ချိုမြို့နယ် သဲခေါ်ရွာသို့ ယနေ့ နေ့လည် (၁း၄၅)နာရီအချိန်တွင် စစ်အင်အားဖြည့်တင်းလာသော စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားသော နေရာသို့ စစ်ကောင်စီတပ်မှ Mi35 ဖြင့် (၁)ကြိမ် လာရောက်ပစ်ကူပေး တိုက်ခိုက်ခဲ့သည်။

 





ထို့ပြင် ယမန်နေ့ ဇူလိုင် ၁ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်မှ ကျောက်မဲမြို့နယ် ခမရ (၅၀၁၊ ၅၀၂) တပ်စခန်းအနီးသို့ Y12 ဖြင့် လက်နက်ခဲယမ်းများ (၂)ကြိမ်နှင့်  ဗုံး (၃၅)လုံး  လာရောက်ကြဲချခဲ့သည်။

 

#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

 

Topics: ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၃၉)ရက်မြောက် တအာင်းပြည် ကျောက်မဲမြို့နှင့် နောင်ချိုမြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွား
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်