415

မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံး ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
01 August 2024

မိုးမိတ်မြို့နယ်ရှိ  စစ်ကောင်စီတပ်စခန်းအားလုံး ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့

 

တအာင်းပြည်၊  သြဂုတ်လ ၁ ရက်

၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂)

 

တအာင်းပြည် တပ်မဟာ(၃)နယ်မြေ၊ မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီ စကခ-၂၁ (မပခ)၊ ခမရ-၃၄၈၊ ခလရ (၂၂၃၊ ၂၇၆) ဗျူဟာမှူးကြီးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းအားလုံးတို့ကို ဇူလိုင် ၃၁ ရက်နေ့ နေ့လည် (၁း၀၀)နာရီ အချိန်တွင် တအာင်းတပ်မတော် PSLF/TNLA မှ အလုံးစုံ ဝင်ရောက်ရှင်းလင်း သိမ်းပိုက်ခဲ့ပြီးဖြစ်သည်။

 




      မိုးမိတ်မြို့နယ်ရှိ တပ်စခန်းများကို တအာင်းတပ်မတော်  PSLF/TNLA မှ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂)အတွင်း ဇွန်လ ၂၇ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး၊ သီတင်းပတ် (၄)ပတ်ကြာ ဇူလိုင် ၃၁ ရက်နေ့ (၁၃း၀၀)နာရီ အချိန်တွင် စစ်ကောင်စီတပ်စခန်းများအားလုံးကို ရှင်းလင်းသိမ်းပိုက်ခဲ့သည်။ မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စန်းများဖြစ်ကြသည့် ၃၄၈ ဗျူဟာကုန်း၊ ခလရ (၂၂၃)စခန်း၊ ၊ခလရ (၂၆၇)စခန်း၊ ခမရ(၃၄၈) စခန်း ကင်းချောင်းစခန်း၊ ရွှေသာယာတပ်စခန်း၊ လက်ခုပ်ပင်စခန်း၊ လက်ခုပ်သံစခန်း၊ လယ်ကြီးစခန်း၊ သရက်တောစခန်း၊ မိုင်တိုင်(၆)တပ်စခန်း၊ ပလက်တီနမ်၊ ဗိမ္မာန်ကျောင်းနှင့် ရဲစခန်း အပါအဝင် အစိုးရဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့ပါသည်။

 



   မိုးမိတ်မြို့သည် စစ်ကောင်စီ  စကခ-၂၁ လက်အောက်ခံ တပ်ဖြစ်သည့် ခလရ-၂၂၃၊ ၂၇၆ နှင့် ခမရ-၃၄၈ တို့ လာရောက်ထိုးစစ်ဆင်စခန်းချသည့် မြို့လည်း ဖြစ်သည်။

 




    စစ်ကောင်စီ မိုးမိတ်တပ်စခန်းများကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း Jet Fighter (၂၉)ကြိမ်၊ Y12 လေယာဥ် (၃၈)ကြိမ်၊ Y12 ဖြင့် လက်နက်ခဲယမ်းများ ကြဲချမှု (၁၄)ကြိမ်၊ လက်နက်ကြီးဖြင့် (၂၂၁) ကြိမ်၊ ပေါင် ၅၀၀ ဗုံး (၁)လုံး နှင့် ရှော့တိုက်ဒုံး (၁၈)လုံး အသုံးပြုတိုက်ခိုက်ခဲ့သည်။

 




တိုက်ပွဲကာလအတွင်း  စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ ဟောင်ဝိဇာလက်နက်ကြီးအပါအဝင်၊  လက်နက်မျိုးစုံ (၂၅၀)လက်၊ 120 MM (၁)လက်၊ 60 MM (၁၉)လက်၊ 81 MM (၉)လက်၊ ပွိူင်းဖိုက်(၃)လက်၊ RPG (၁၆)လက်၊ ဂျမ်းပါ (၂)စုံ၊ စိန်ပြောင်းနောက်ပွင့် (၂)လက်၊ လေယာဉ်ပစ်လက်နက် (၁)လက်၊ ပစ္စတို (၃)လက်၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်သုံးဆောင်ပစည်းများ ရှင်းလင်းသိမ်းဆည်းရမိပြီးဖြစ်သည်။ မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်သိမ်းပိုက်ရာတွင် လက်နက်မျိုးစုံ (၄၀၀) ကျော် သိမ်းဆည်းရမိခဲ့သည်။

 




စစ်ကောင်စီ မိုးမိတ်တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီ၏ အရပ်ဖက် ဦးတည်တိုက်ခိုက်မှုကြောင့် မိုးမိတ်ဒေသခံ (၃)ဦး သေဆုံးခဲ့ပြီး (၁၂) ဦး ဒဏ်ရာရ၊ စာသင်ကျောင်း (၂)ကျောင်း လေယာဥ်ဗုံးစ ထိမှန်ပျက်ဆီးခြင်း နှင့် လူနေအိမ် (၅) လုံး မီးလောင်ပျက်စီးခဲ့သည်။

 




ယမန်နေ့ ၂၀၂၄ ခုနှစ် ဇူလိုင် ၃၁ ရက် ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂)အတွင်း တအာင်းတပ်မတော် PSLF/TNLA မှ နောင်ချိုမြို့နှင့် မိုးကုတ်မြို့တို့ကို သိမ်းပိုက်ခဲ့ပြီး၊ တတိယ သိမ်းပိုက်ရရှိသည့် မြို့အဖြစ် မိုးမိတ်မြို့ကို အလုံးစုံ ထိန်းချုပ်ထားပြီးဖြစ်သည်။

 

#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

 

Topics: တအာင်းပြည် တပ်မဟာ(၃)နယ်မြေ၊ မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီ စကခ-၂၁ (မပခ)၊ ခမရ-၃၄၈၊ ခလရ (၂၂၃၊ ၂၇၆) ဗျူဟာမှူးကြီးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းအားလုံးတို့ကို ဇူလိုင် ၃၁ ရက်နေ့ နေ့လည် (၁း၀၀)နာရီ အချိန်တွင် တအာင်းတပ်မတော် PSLF/TNLA မှ အလုံးစုံ ဝင်ရောက်ရှင်းလင
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်