412

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၃၇)ရက်မြောက် တအာင်းပြည် မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ရှင်းလင်းသိမ်းပိုက်ခဲ့ပြီး၊ နောင်ချိုမြို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွား

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
31 July 2024

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၃၇)ရက်မြောက် တအာင်းပြည် မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ရှင်းလင်းသိမ်းပိုက်ခဲ့ပြီး၊ နောင်ချိုမြို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွား


တအာင်းပြည်၊ ဇူလိုင်လ (၃၁)

တအာင်းပြည် စစ်ရေးသတင်း


တအာင်းပြည် တပ်မဟာ (၃) နယ်မြေ မိုးမိတ်မြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်း စကခ(၂၁) ခလရ (၃၄၈) မိုးမိတ်ဗျူဟာကုန်းအား ယနေ့ နံနက် (၁၁း၀၀)နာရီအချိန်တွင် တအာင်းတပ်မတော် TNLA မှ ရှင်းလင်းသိမ်းပိုက်ခဲ့ပြီးဖြစ်သည်။ 


အလားတူ တပ်မဟာ(၂)နယ်မြေ နောင်ချိုမြို့နယ် ရွှေမုဠောရွာသို့ ယနေ့ နေ့လည် (၁၂း၀၅)နာရီအချိန်တွင် စစ်အင်ဖြည့်တင်းလာသော စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ 



ထို့ပြင် မိုးမိတ်မြို့နယ် ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့သော ဗျူဟာကုန်းနှင့် ဒိုးပင်ရွာတွင် စစ်ကောင်စီတပ် Y12 ဖြင့် ဗုံး (၅၉)လုံး လာရောက်ကြဲချခဲ့သည်။ 


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၃၇)ရက်မြောက် တအာင်းပြည် မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ရှင်းလင်းသိမ်းပိုက်ခဲ့ပြီး၊ နောင်ချိုမြို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွား
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်