408

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၃၆)ရက်မြောက် တအာင်းပြည် မိုးမိတ်မြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွား၊ စစ်ကောင်စီတပ်မှ Y12 ဖြင့် လက်နက်ခဲယမ်းများ ကြဲချခဲ့

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
30 July 2024

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၃၆)ရက်မြောက် တအာင်းပြည် မိုးမိတ်မြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွား၊ စစ်ကောင်စီတပ်မှ Y12 ဖြင့် လက်နက်ခဲယမ်းများ ကြဲချခဲ့


တအာင်းပြည်၊ ဇူလိုင်လ (၃၀)

တအာင်းပြည် စစ်ရေးသတင်း


တအာင်းပြည် တပ်မဟာ (၃) နယ်မြေ မိုးမိတ်မြို့တွင် မိုးမိတ်ဗျူဟာကုန်းအား ယနေ့ နံနက် (၆း၃၀)နာရီအချိန်တွင် တအာင်းတပ်မတော် TNLA မှ စစ်ဆင်ရေး ဆက်လက်ပြုလုပ်လျက်ရှိပြီး စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၂၁) ခလရ (၃၄၈) တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။


အလားတူ မိုးမိတ်မြို့နယ် ဒိုးပင်ရွာတွင်လည်း တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီတပ် စကခ(၂၁)၊ ခလရ (၂၇၆) တို့ တိုက်ပွဲပြင်းထန်ခဲ့သည်။ 



လေကြောင်းတိုက်ခိုက်မှုအနေဖြင့် စကစသည်တိုက်ပွဲဖြစ်ပွားလျက်ရှိသော  မိုးမိတ်ဗျူဟာကုန်းသို့ စစ်ကောင်စီတပ်မှ  Y12 ဖြင့် ဗုံး (၁၄)လုံး လာရောက်ကြဲချတိုက်ခိုက်ခြင်းကျောက်မဲမြို့နယ်အခြေစိုက် စစ်ကောင်စီတပ် ခမရ (၅၀၁၊ ၅၀၂) တပ်စခန်းအတွင်းသို့  Y12 ဖြင့် လက်နက်ခဲယမ်းများ လာရောက် ထောက်ပို့ချပေးခြင်းများ ပြုလုပ်ခဲ့သည်။



#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၃၆)ရက်မြောက် တအာင်းပြည် မိုးမိတ်မြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွား၊ စစ်ကောင်စီတပ်မှ Y12 ဖြင့် လက်နက်ခဲယမ်းများ ကြဲချခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်