391

မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံး သိမ်းပိုက်နိုင်ခဲ့

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
25 July 2024

မိုးကုတ်မြို့နယ်ရှိ  စစ်ကောင်စီတပ်စခန်းအားလုံး သိမ်းပိုက်နိုင်ခဲ့

 

တအာင်းပြည်၊ ဇူလိုင် ၂၅ ရက်

၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂)

 

တအာင်းပြည်နယ် တပ်မဟာ(၂)စစ်ဒေသ၊ မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီ လပခ၊ ခလရ (၇၈၊ ၈၈၊ ၁၄၈) ဗျူဟာမှူးကြီးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းအားလုံးတို့ကို ဇူလိုင် ၂၄ ရက်နေ့ မွန်လွဲပိုင်း (၅း၀၀)နာရီ အချိန်တွင် တအာင်းတပ်မတော် PSLF/TNLA မှ အလုံးစုံ ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့သည်။

 



      မိုးကုတ်မြို့နယ်ရှိ တပ်စခန်းများကို တအာင်းတပ်မတော်  PSLF/TNLA မှ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂)အတွင်း ဇွန်လ ၂၅ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး၊ သီတင်းပတ် (၄)ပတ်ကြာ ဇူလိုင် ၂၄ ရက်နေ့ (၁၇း၀၀)နာရီ အချိန်တွင် စစ်ကောင်စီတပ်စခန်းများအားလုံးကို ရှင်းလင်းချေမှုန်းသိမ်းပိုက်ခဲ့သည်။ မိုးကုတ်အနောက်ပိုင်းရှိ စစ်ကောင်စီတပ်စန်းများဖြစ်ကြသည့် ရွှေမျက်၀န်း၊ အေးစေတီးကုန်း၊ အာကာမိုး၊ ‌ဒေါ်နန်းကြည်တောင်၊ ဗျူဟာကုန်း၊ ရွှေသာယာ၊ ပန်းသပြေ၊ ဖြူရောင်ကုန်း တပ်စခန်းများကို ဇွန်လ ၃၀ ရက်နေ့တွင် ရှင်းလင်းသိမ်းပိုက်ခဲ့ပြီးဖြစ်သည်။ ထို့နောက် မိုးကုတ်အရှေ့ပိုင်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာတွင်  မန်တိုင်(၅)တပ်၊ ငရမ်းအင်စခန်း၊ ရေကန်တောင်စခန်း၊ တာ၀ါတိုင်စခန်း၊ ပတ္တမြားစေတီစခန်း၊ ပန်းမထိပ်ရွာ၊ အကျဉ်းထောင်နှင့် ရဲစခန်း အပါအဝင် အစိုးရဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့ပါသည်။

 



   မိုးကုတ်မြို့သည် စစ်ကောင်စီ   လပခ လက်အောက်ခံ တပ်ဖြစ်သည့် ခလရ-၇၈၊ ၈၈ နှင့် ခလရ-၁၄၈ တို့ လာရောက်ထိုးစစ်ဆင်စခန်းချသည့် မြို့လည်း ဖြစ်သည်။

 

    စစ်ကောင်စီ မိုးကုတ်တပ်စခန်းများကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း Jet Fighter (၂၁)ကြိမ်၊ Y12 လေယာဥ် (၉)ကြိမ်၊ လက်နက်ကြီးဖြင့် (၇၈) ကြိမ်နှင့် အတွဲလိုက်ဒုံး

(၁၈)လုံး အသုံးပြုတိုက်ခိုက်ခဲ့သည်။

 




တိုက်ပွဲကာလအတွင်း  စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ အတွဲလိုက်ပစ်ဒုံး လက်နက်ကြီးအပါအဝင်၊  လက်နက်မျိုးစုံ (၇၃)လက်၊ 120 MM (၂)လက်၊ 60 MM (၁၁)လက်၊ 81 MM (1)လက်၊ ငဂျင်းမီး (၃) လက်၊ ပွိူင်းဖိုက် (၁)လက်၊ RPG (၂)လက်၊ ဂျမ်းပါ (၁)စုံ၊ တွဲလိုက်ဒုံး(၄လုံးတွဲ) (၁)လက်၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်သုံးဆောင်ပစည်းများ

ရှင်းလင်းသိမ်းဆည်းရမိပြီးဖြစ်သည်။ မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်သုံးပန့် (၃၀)ကျော်နှင့် လက်နက်မျိုးစုံ (၂၀၀) ကျော် သိမ်းဆည်းရမိခဲ့သည်။

 



စစ်ကောင်စီ မိုးကုတ်တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီ၏ အရပ်ဖက် ဦးတည်တိုက်ခိုက်မှုကြောင့် မိုးကုတ်ဒေသခံ ကျား(၁၄)ဦး၊ မ (၈)ဦး၊ ကလေး (၉)ဦး သေဆုံးခဲ့ပြီး၊ (၅၉) ဦီး ဒဏ်ရာရ၊ ဘုန်းကြီးကျောင်း (၄)ကျောင်း လေယာဥ်ဗုံးစ ထိမှန်ပျက်ဆီးခြင်း နှင့် လူနေအိမ် (၂၉) လုံး မီးလောင်ပျက်စီးခဲ့သည်။




 

ယမန်နေ့ ၂၀၂၄ ခုနှစ် ဇူလိုင် ၂၄ ရက် ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂)အတွင်း တအာင်းတပ်မတော် PSLF/TNLA မှ ဒုတိယ သိမ်းပိုက်ရရှိသည့် မြို့အဖြစ် မိုးကုတ်မြို့ကို အလုံးစုံ ထိန်းချုပ်ထားပြီးဖြစ်သည်။

 

 

#PSLFTNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံး သိမ်းပိုက်နိုင်ခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်