386

၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) (၂၈)ရက်မြောက် နောင်ချို၊ မိုးကုတ်မြို့နယ်၌ တိုက်ပွဲဆက်လက်ဖြစ်ပွား လက်နက်ခဲယမ်းနှင့် ရန်သူ့အလောင်းများသိမ်းဆည်းရမိ

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
22 July 2024

၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) (၂၈)ရက်မြောက် နောင်ချို၊ မိုးကုတ်မြို့နယ်၌ တိုက်ပွဲဆက်လက်ဖြစ်ပွား လက်နက်ခဲယမ်းနှင့် ရန်သူ့အလောင်းများသိမ်းဆည်းရမိ


တအာင်းပြည်၊ ဇူလိုင် (၂၂)

တအာင်းပြည် စစ်ရေးသတင်း


တအာင်းပြည်တပ်မဟာ (၂) နယ်မြေ မိုးကုတ်မြို့ (အရှေ့ပိုင်း) ပန်မထိပ်ရွာအနီးနှင့် အကျဉ်းထောင်ရှိ စစ်ကောင်စီတပ်စခန်းအား တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် PDF(မိုးကုတ်ဗျူဟာ) ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်ကောင်စီ၏ လက်နက်ခဲယမ်းများသိမ်းဆည်းရမိပြီး ရန်သူ့အလောင်း (၂၀)လောင်း ရှင်းလင်းနိုင်ခဲ့သည်။


သိမ်းဆည်းရမိသည့် စစ်ကောင်စီလက်နက်များတွင် လက်နက်ငယ် (၅)လက်၊ ဒရုန်း(၁)စင်းနှင့် အခြားစစ်အသုံးအဆောင်ပစ္စည်းများသိမ်းဆည်းရမိထားသည်။


အလားတူ တအာင်းပြည် တပ်မဟာ(၂) နယ်မြေ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်စခန်းများအား တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ့တို့ ဆက်လက် တိုက်ခိုက်ပြီး တိုက်ပွဲဖြစ်ပွားလျက်ရှိနေသည်။


ဇူလိုင် (၂၂) ရက် နေ့လည် (၁း၁၁) နာရီအချိန်၌ နောင်ချိုမြို့ နယ် တဲခေါ်ရွာရှိ စစ်ကောင်စီတပ်စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်ခြင်းဖြစ်သည်။ 


ထို့ပြင် တပ်မဟာ(၂) နယ်မြေ ကျောက်မဲမြို့နယ်ရှိ အေးရှားဝေါဂိတ်နှင့် နမ့်ဆီလင်းဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့အား တအာင်းတပ်မတော် TNLA တပ်ဖွဲ့က လိုက်လံရှင်းလင်းရာ တိုက်ပွဲဖြစ်ပွားခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

-------------------------------------------------------------------------------------------------

Topics: ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) (၂၈)ရက်မြောက် နောင်ချို၊ မိုးကုတ်မြို့နယ်၌ တိုက်ပွဲဆက်လက်ဖြစ်ပွား လက်နက်ခဲယမ်းနှင့် ရန်သူ့အလောင်းများသိမ်းဆည်းရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်