376

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၂၃) ရက်မြောက် စစ်ကောင်စီတပ်မှ စစ်ကူဖြည့်တင်း ထိုးစစ်ဆင်လာသောကြောင့် မိုးကုတ်နှင့် ကျောက်မဲတွင် တိုက်ပွဲဆက်လက်ဖြစ်ပွား

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
17 July 2024

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၂၃) ရက်မြောက် စစ်ကောင်စီတပ်မှ စစ်ကူဖြည့်တင်း ထိုးစစ်ဆင်လာသောကြောင့် မိုးကုတ်နှင့် ကျောက်မဲတွင် တိုက်ပွဲဆက်လက်ဖြစ်ပွား

 

တအာင်းပြည်၊ ဇူလိုင်(၁၇)ရက်

တအာင်းပြည်စစ်ရေးသတင်း

 

တအာင်းပြည် တပ်မဟာ (၂)နယ်မြေ၊ မိုးကုတ်မြို့နယ် (အရှေ့ပိုင်း) စစ်ကောင်စီတပ် လကခ/ခလရ (၇၁၊ ၈၈) တပ်ဖွဲ့ဝင်များမှ ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် ပန်းမထိပ်ရွာအနီးတဝိုက်တွင် တအာင်းတပ်မတော် TNLA တို့ ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထို့အတူ ယနေ့ နံနက် (၁၁း၅၇)နာရီချိန်တွင် ကမ္ဘာလုံးစေတီအနီးတဝိုက်တွင်လည်း စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA + မိုးကုတ်ဗျူဟာ ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

 



အလားတူ တပ်မဟာ(၂)နယ်မြေ၊ မိုးကုတ်မြို့အရှေ့ပိုင်း ယနေ့ နံနက်(၈း၂၀)နာရီအချိန်တွင် ကြက်ခြံနှင့် အမှိုက်ပုံးနေရာအနီးတဝိုက်တွင် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်းများအချို့ သိမ်းဆည်းရမိခဲ့သည်။

 




ထို့ပြင် တပ်မဟာ(၂)နယ်မြေ ကျောက်မဲမြို့နယ် နောင်ပိန်လေးရွာနှင့် နတ်ရေကန်အနီးတဝိုက်တွင် ယနေ့ နံနက် (၅း၄၀)နာရီအချိန်တွင် စစ်ကူအင်ဖြည့်တင်းလာသော စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားသောနေရာသို့ စစ်ကောင်စီမှ Jet Fighter ဖြင့် (၇)ကြိမ်နှင့် Y12 ဖြင့် ဗုံး (၃၇)လုံး လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

 

နောင်ချိုမြို့တွင်းနှင့် သဲခေါ်ရွာသို့ စစ်ကောင်စီတပ်မှ ဒရုန်း (၃)စီးဖြင့် ဗုံး (၁၈)လုံး နှင့် လက်နက်ကြီးဖြင့် (၄)လုံး အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

 

#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၂၃) ရက်မြောက် စစ်ကောင်စီတပ်မှ စစ်ကူဖြည့်တင်း ထိုးစစ်ဆင်လာသောကြောင့် မိုးကုတ်နှင့် ကျောက်မဲတွင် တိုက်ပွဲဆက်လက်ဖြစ်ပွား
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်