367

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၂၂) ရက်မြောက် စစ်ကောင်စီတပ်မှ စစ်ကူဖြည့်တင်း ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲဖြစ်ပွား

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
16 July 2024

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၂၂) ရက်မြောက် စစ်ကောင်စီတပ်မှ စစ်ကူဖြည့်တင်း ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲဖြစ်ပွား

 

တအာင်းပြည်၊ ဇူလိုင်(၁၆)ရက်

တအာင်းပြည်စစ်ရေးသတင်း

 

တအာင်းပြည် တပ်မဟာ (၃)နယ်မြေ၊ မိုးမိတ်မြို့နယ် စစ်ကောင်စီတပ် စကခ-၂၁၊ ခလရ-၂၇၆ တပ်ဖွဲ့ဝင်များမှ ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် တောင်ကိုင်းရွာအနီးတဝိုက်တွင် တအာင်းတပ်မတော် TNLA  + PLA PDF ပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီထံ လက်နက် (၁၁)လက်၊ 60 MM (၁)လက်၊ ခဲယမ်းများနှင့် စစ်သုံးဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။ တိုက်ပွဲဖြစ်ပွားနေရာသို့ စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် (၃)ကြိမ် လာရောက်တိုက်ခိုက်ခဲ့သည်။




အလားတူ တပ်မဟာ(၂)နယ်မြေ၊ နောင်ချိုမြို့နယ် ကန်ကြီးရွာနှင့် သရက်ကုန်းအနီးတဝိုက်တွင် ယနေ့ နံနက်(၉း၂၅)နာရီအချိန်တွင် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

 




ထို့ပြင် ယမန်နေ့ ည(၉း၁၅)အချိန်တွင် နောင်ချိုမြို့နယ် ဘန့်​ဘွေးရွာနှင့် ရေဝင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ သဲခေါ်ရွာအနီးရှိ PSLF/TNLA တပ်စခန်းအား ဒရုန်းဖြင့် (၂)ကြိမ်၊ လက်နက်ကြီးဖြင့် (၃)ကြိမ် တစ်ဖက်သတ်လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

 

မိုးကုတ်မြို့နယ်တွင်လည်း စစ်ကောင်စီတပ်စွဲထားသည့် မိုးကုတ်ဗျူဟာကုန်းမှတဆင့် ရေအေးရပ်ကွက်နှင့် ပန်းမရွာသို့ ယမန်နေ့ ည (၈း၅၆)နာရီအချိန်တွင် လက်နက်ကြီးဖြင့် စုစုပေါင်း(၆)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် ထိုနေရာရှိ အရပ်သား (၂)ဦး သေဆုံးခဲ့ပြီး၊ (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်

 

#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၂၂) ရက်မြောက် စစ်ကောင်စီတပ်မှ စစ်ကူဖြည့်တင်း ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲဖြစ်ပွား
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်