360

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၁၉) ရက်မြောက် မိုးကုတ်၊ မိုးမိတ်နှင့် သီပေါမြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွား

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
13 July 2024

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၁၉) ရက်မြောက်  မိုးကုတ်၊ မိုးမိတ်နှင့် သီပေါမြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွား

 

တအာင်းပြည်၊ ဇူလိုင်(၁၃)ရက်

တအာင်းပြည်စစ်ရေးသတင်း

 

တအာင်းပြည် တပ်မဟာ(၂)နယ်မြေ၊ မိုးကုတ်မြို့နယ် ကမ္ဘာလုံးစေတီအနီးတဝိုက်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို တအာင်းတပ်မတော်  TNLA မှ တိုက်ခိုက်ခဲ့သည်။ ထို့အတူ မိုးကုတ်မြို့ အရှေ့ပိုင်း ကြက်ခြံနှင့် အမှိုက်ပုံနေရာ အနီးတဝိုက်တွင် စစ်ကောင်စီတပ် လပခ၊ ခလရ (၇၁၊၈၈) နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

 

အလားတူ တပ်မဟာ (၃)နယ်မြေ၊ မိုးမိတ်မြို့အတွင်း စစ်ကောင်စီတပ် စကခ-၂၁၊ ခလရ-၂၂၃ နှင့် တအာင်းတပ်မတော် TNLA + PLA + MOD PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ တပ်မဟာ(၂)နယ်မြေ သီပေါမြို့နယ် စစ်ကောင်စီ တပ်စခန်း ဆန်ဖိတ်နှင့် (၅၀၃၊ ၅၀၄) စခန်းတို့ကို တအာင်းတပ်မတော် TNLA မှ တိုက်ခိုက်ခဲ့သည်။  

 

ထို့ပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နောင်ချိုမြို့နယ် နောင်လိုင်ရွာတွင် စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၆)ကြိမ်၊ သဲခေါ်ရွာတွင် (၁)ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

 

#PSLFTNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၁၉) ရက်မြောက် မိုးကုတ်၊ မိုးမိတ်နှင့် သီပေါမြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွား
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်