403

၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) (၃၃)ရက်မြောက် ကျောက်မဲနှင့် မိုးမိတ်မြို့များ၌ တိုက်ပွဲဆက်လက်ဖြစ်ပွား

သတင်း / နိုင်ငံရေး
27 July 2024

၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) (၃၃)ရက်မြောက် ကျောက်မဲနှင့် မိုးမိတ်မြို့များ၌ တိုက်ပွဲဆက်လက်ဖြစ်ပွား


တအာင်းပြည် ဇူလိုင် (၂၇)

တအာင်းပြည်စစ်ရေးသတင်း


တအာင်းပြည် တပ်မဟာ(၂) နယ်မြေ ကျောက်မဲမြို့ရှိ စစ်ကောင်စီတပ် စကခ (၁) ခမရ (၅၀၁၊ ၅၀၂) တပ်စွဲထားသည့် လွယ်ခွန်တောင်နှင့် တာဝါတိုင်စခန်းကုန်းတို့အား ဇူလိုင် (၂၇)ရက် နေ့လည် (၁၂း၀၀)နာရီအချိန်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က လိုက်လံရှင်းလင်းရာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်။






တပ်မဟာ(၃)နယ်မြေ မိုးမိတ်မြို့  ညောင်ပင်ဆောက်၊ ဒိုးပင်နှင့် မိုးမိတ်ဗျူဟာကုန်းစသည့်နေရာများတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။






ယနေ့နံနက် (၆း၀၀)နာရီအချိန်တွင် မိုးမိတ်မြို့ ဒိုးပင်နှင့် ညောင်ပင်ဆောက်ရှိ စစ်ကောင်စီတပ် စကခ (၂၁) လက်အောက်ခံ ခလရ (၂၇၆) တပ်စခန်း၌ နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး နံနက် (၁၀း၀၀) နာရီအချိန်ခန့်တွင် ညောင်ပင်ဆောက်၌ ရှိသည့် စစ်ကောင်စီတပ်၏ စကခ(၂၁) လက်အောက်ခံ ခလရ (၂၂၃)နှင့်လည်းကောင်း၊ မိုးမိတ်ဗျူကာကုန်းရှိ စကခ (၂၁) လက်အောက်ခံ ခလရ (၃၄၈)နှင့်လည်းကောင်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။


ထို့ပြင် မိုးကုတ်မြို့အတွင်းရှိ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားအချို့အား လိုက်လံရှင်းလင်းရာတွင် သေနတ်(၄)လက် နှင့် အခြားပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) (၃၃)ရက်မြောက် ကျောက်မဲနှင့် မိုးမိတ်မြို့များ၌ တိုက်ပွဲဆက်လက်ဖြစ်ပွား
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်