400

၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) (၃၂)ရက်မြောက် မိုးမိတ်မြို့နှင့် ကျောက်မဲမြို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွား

သတင်း / နိုင်ငံရေး
26 July 2024

၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) (၃၂)ရက်မြောက် မိုးမိတ်မြို့နှင့် ကျောက်မဲမြို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွား


တအာင်းပြည်၊ ဇူလိုင် (၂၆)ရက်

တအာင်းပြည် စစ်ရေးသတင်း


တအာင်းပြည် တပ်မဟာ (၃) နယ်မြေ မိုးမိတ်မြို့ ယနေ့ နံနက် (၈း၂၅)နာရီအချိန် ဒိုးပင်ရွာအနီးတဝိုက်တွင် စစ်အင်အားဖြည့်တင်းလာသော စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ် မိုးမိတ်ဗျူဟာကုန်းတွင်လည်း ယနေ့ နေလယ် (၁း၁၅)နာရီချိန်တွင် တအာင်းတပ်မတော် TNLA မှ တိုက်ခိုက်ခဲ့သည်။ 





အလားတူ တပ်မဟာ(၂)နယ်မြေ ကျောက်မဲမြို့ နယ် ယနေ့ မွန်လွဲပိုင်း (၂း၄၅)နာရီအချိန်တွင် စစ်ကောင်စီတပ် တပ်စခန်းဖြစ်သည့် ခမရ (၅၀၁၊ ၅၀၂)တပ်စခန်းကို တအာင်းတပ်မတော် TNLA မှ တိုက်ခိုက်ခဲ့သည်။တာဝါတိုင်အနီးတဝိုက်တွင်လည်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ 






ထို့ပြင် နောင်ချိုမြို့နယ် ဘန့်ဘွေးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ သဲခေါ်ရွာသို့ ဒရုန်း (၂) စီးဖြင့် ဗုံး (၃)လုံး လာရောက် ကြဲချခဲ့သည်။ 


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) (၃၂)ရက်မြောက် မိုးမိတ်မြို့နှင့် ကျောက်မဲမြို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွား
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်