350

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၁၅) ရက်မြောက် မိုးမိတ်နှင့် မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း (၄)ခု တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး၊ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူများသေဆုံးမှုရှိ

သတင်း / နိုင်ငံရေး
09 July 2024

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၁၅) ရက်မြောက် မိုးမိတ်နှင့် မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း (၄)ခု တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး၊ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူများသေဆုံးမှုရှိ

 

တအာင်းပြည်၊ ဇူလိုင်(၉)ရက်

တအာင်းပြည်စစ်ရေးသတင်း

 

တအာင်းပြည် တပ်မဟာ(၃)စစ်ဒေသ၊ မိုးမိတ်မြို့နယ် စစ်ကောင်စီတပ်စခန်းများဖြစ်ကြသည့် သရက်တောစခန်းနှင့် မိုင်တိုင် (၆)တပ်စခန်းတို့ကို တအာာင်းတပ်မတော် TNLA မှ လက်နက်ခဲယမ်းများနှင့်အတူ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သည်။

 



ယနေ့ ဇူလိုင် ၉ရက်နေ့ မွန်လွဲပိုင်း (၁း၅၅)နာရီအချိန်တွင် တအာင်းတပ်မတော် TNLA မှ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားလျက်ရှိသော မိုးကုတ်မြို့နယ် စစ်ကောင်စီတပ်စခန်း မိုင်တိုင် (၅)စခန်း နှင့် ယော်မှုစခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

 



အလားတူ နောင်ချိုမြို့နယ် သဲခေါ်ရွာအနီးတဝိုက်တွင် တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားရာ သဲခေါ်ရွာသို့ ဘန့်ဘွေးအခြေစိုက် စစ်ကောင်စီတပ်မှ အတွဲလိုက်ဒုံး (၃၁)လုံး နှင့် ဒရုန်းဖြင့် (၁)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲဖြစ်ပွားလျက်ရှိသော ဒုံးတပ် (၆၀၆)စခန်း အနီးတဝိုက်သို့ စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၁)ကြိမ်  လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

 



ထို့ပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ကျောက်မဲမြို့နယ် တော့ဆန်ရွာကိုလည်း စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၁)ကြိမ် နှင့် လက်နက်ကြီးဖြင့် (၂)ကြိမ် ပြည်သူလူထုရှိရာသို့ ဦးတည်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ လားရှိး၊ တန့်ယန်းမြို့နယ် စစ်ကောင်စီတပ် မန်ကတ်စခန်းမှ နားဆောင်ရွာသို့ လက်နက်ကြီးဖြင့် (၈)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

 

တပ်မဟာ (၂) စစ်ဒေသ မိုးမိတ်မြို့နယ်တွင် စစ်ကောင်စီမှ စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် (၆)ကြိမ် နှင့် ဗုံးကြဲတိုက်ခိုက်ရာမှာ ရွှေတောင်ဉီးရှိ နေအိမ် ပေါ်သို့ ကျရောက်ပေါက်ကွဲမှုကြောင့် (၁၁) နှစ်အရွယ် ကလေးငယ်(၁) ပွဲချင်းပြီးသေဆုံးပြီး၊ (၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပြင်   သရက်တောဘုန်းကြီးကျောင်းတွင် စစ်ကောင်စီလက်နက်ကြီး ကျရောက်ပေါက် ကွဲမှုကြောင့် ဘုန်းကြီး (၁)ပါး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။

 

 

#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

 

Topics: ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၁၅) ရက်မြောက် မိုးမိတ်နှင့် မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း (၄)ခု တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး၊ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူများသေဆုံးမှုရှိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်