347

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၁၃) ရက်မြောက် မိုးမိတ်မြို့တွင် တိုက်ပွဲဆက်လက်ပြင်းထန်

သတင်း / နိုင်ငံရေး
07 July 2024

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၁၃) ရက်မြောက် မိုးမိတ်မြို့တွင် တိုက်ပွဲဆက်လက်ပြင်းထန်


တအာင်းပြည်၊ ဇူလိုင်(၇)ရက်

တအာင်းပြည်စစ်ရေးသတင်း


တအာင်းပြည် တပ်မဟာ(၃)စစ်ဒေသ မိုးမိတ်မြို့ထဲတွင်  တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီတပ် စကခ(၂၁)၊ ခလရ (၃၄၈) တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

အလားတူ ယနေ့ နေ့လယ် (၂း၄၉) နာရီအချိန်တွင် မိုးမိတ်မြို့နယ် သရက်တောရွာအနီးတဝိုက်တွင် တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီတပ် စကခ (၂၁)၊ ခလရ (၂၂၃) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ 


နောင်ချိုမြို့နယ် တိုက်ပွဲဖြစ်ပွားလျက်ရှိသော ဒုံးတပ် (၆၀၆)စခန်း အနီးတဝိုက်သို့ စစ်ကောင်စီတပ်မှ Y12 ဖြင့် (၂) ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ ထို့ပြင် လားရှိုးမြို့နယ် အီနိုင်းရွာနှင့် (၆)မိုင်ကုန်း ကြားတွင် စစ်ကောင်စီတပ်မှ Jet Fighter ဖြင့်  (၃)ကြိမ် တိုက်ခိုက်ခဲ့သည်။


ယနေ့ ဇူလိုင် ၇ရက်နေ့တွင် ကျောက်မဲမြို့နယ် စစ်ကောင်စီတပ် ခမရ (၅၀၁)စခန်းမှ ဟူးကွက်ရွာသို့ လက်နက်ကြီးဖြင့် (၄)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 

#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၁၃) ရက်မြောက် မိုးမိတ်မြို့တွင် တိုက်ပွဲဆက်လက်ပြင်းထန်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်