564

သီပေါမြို့တွင် သုံးရက်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းသုံးဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ​(၄)သေဆုံးပြီး (၁၁)ဦး ထိခိုက်ဒဏ်ရာရ၊ တိုက်ပွဲတစ်လအတွင်း တအာင်းဒေသရှိ ပြည်သူ ၂၆ ဦးသေဆုံး၊ ၄၁ ဦး ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
01 October 2024

သီပေါမြို့တွင် သုံးရက်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းသုံးဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ​(၄)သေဆုံးပြီး (၁၁)ဦး ထိခိုက်ဒဏ်ရာရ၊ တိုက်ပွဲတစ်လအတွင်း တအာင်းဒေသရှိ ပြည်သူ ၂၆ ဦးသေဆုံး၊ ၄၁ ဦး ဒဏ်ရာရ

သီပေါ၊ အောက်တိုဘာလ ၁ ရက်
(တအာင်းပြည်သတင်း)

တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ သီပေါမြို့တွင် စက်တင်ဘာလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ သုံးရက်အတွင်း စစ်ကောင်စီတပ်မှ ပြည်သူများကို ဦးတည်ပြီး လေကြောင်းအသုံးပြုပြီး ​ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ(၄)ဦး သေဆုံးကာ (၁၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စက်တင်ဘာ(၂၈)ရက်နေ့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲချမှုကြောင့် ဇာတ်စုရပ်ကွက်တွင် (၃)ဦး၊ ဇာတ်စုရပ် နယ်မြေ(၃)တွင် (၁)ဦးနှင့် စျေးရပ်ကွက် ဘောလုံးကွင်းအနီးတွင် (၂)ဦး စုစုပေါင်း(၆)ဦး ထိခိုက်ဒဏ်ရာ​ပြင်းထန်ခဲ့ပြီး ဒေသခံ နေအိမ်နှင့် စျေးဆိုင်းခန်း (၁၀)ကျော် ထိခိုက်ပျက်စီးခဲ့ရသည်။

ထို့အပြင် စက်တင်ဘာလ (၂၉)ရက်နေ့၊ နေ့လည်(၃း၀၀)နာရီအချိန်တွင် စစ်ကောင်စီတပ်မှ Y-12 လေယာဥ်ဖြင့် သီပေါမြို့တွင်းသို့ လိုက်လံဗုံးကြဲချမှုကြောင့် သီပေါဆေးရုံ၊ အကောင်းကြိုက် ထမင်းဆိုင်၊ ဂိုးလက်ဖက်ရည်ဆိုင်၊ ဦးကိုဦးအိမ်အနီး၊ စာသင်ကျောင်းအနီး၊ သီပေါတံတားနှင့် မိုးလုံလေလုံအနီးတို့တွင် ကျရောက်ပေါက်ကွဲခဲ့သည်။

ထိုသို့ ဗုံးကြဲချမှုကြောင့် သီပေါမြို့ ဓမ္မာရုံရှိ အမျိုးသား(၁)ဦး သေဆုံးခဲ့ရပြီး မြို့ဟောင်းသဲကွင်းအနီး အမျိုးသား (၁)ဦး၊ ပရဟိတအသင်းဝင် အမျိုးသား(၁)ဦး၊ ဆေးရုံအနီးရှိ အမျိုးသား(၁)ဦး၊ အမျိုးသမီး (၁)ဦးနှင့် မီးပွိုင့်လမ်းဆုံ ကွမ်းယာဆိုင်အနီး အမျိုးသမီး (၁)ဦး စုစုပေါင်း(၅)ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ အလားတူ သီပေါမြို့ ခါလိန်ကျေးရွာတွင်လည်း စစ်ကောင်စီတပ် ဗုံးကြဲချမှုကြောင့် အသက်(၇)နှစ်အရွယ် ကလေးငယ်(၁)ဦးအပါအဝင် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦး မိသားစုဝင်(၃)ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်။

အလားတူ ယမန်နေ့ညအချိန်တွင်လည်း စစ်ကောင်စီတပ်က ဂျက်လေယာဥ်နှင့် Y-12 လေယာဥ်အသုံးပြုပြီး လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံနေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်။

ထို့ကြောင့် တိုက်ပွဲဖြစ်ပွားသည့် စက်တင်ဘာလ (၁)လအတွင်းတွင် စစ်ကောင်စီသည် အဘက်ဘက်မှစစ်ရှံး၍ အရပ်သားများရှိရာသို့ ဦးတည်ကာ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာခဲ့မှုကြောင့် တအာင်းဒေသအတွင်းရှိ ဒေသခံပြည်သူ (၂၆)ဦးသေဆုံးခဲ့ရပြီး (၄၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲကာ နေအိမ် (၄၇)လုံး ပျက်စီးခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: သီပေါမြို့တွင် သုံးရက်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းသုံးဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ​(၄)သေဆုံးပြီး (၁၁)ဦး ထိခိုက်ဒဏ်ရာရ၊ တိုက်ပွဲတစ်လအတွင်း တအာင်းဒေသရှိ ပြည်သူ ၂၆ ဦးသေဆုံး၊ ၄၁ ဦး ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်