551

ယနေ့နံနက် နောင်ချိုမြို့မစျေးအတွင်း စစ်ကောင်စီတပ်က လေယာဥ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက် တစ်ဦးဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
21 September 2024

ယနေ့နံနက် နောင်ချိုမြို့မစျေးအတွင်း စစ်ကောင်စီတပ်က လေယာဥ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက် တစ်ဦးဒဏ်ရာရ

နောင်ချို၊ စက်တင်ဘာလ (၂၁)ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ နောင်ချိုမြို့နယ်ရှိ ယနေ့နံနက် (၇:၃၀)အချိန်တွင် စစ်ကောင်စီတပ်သည် Y-12 လေယာဥ်ဖြင့် နောင်ချို့မြို့အတွင်းလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောင်ချိုမြို့ ညစျေးတန်းတွင် တစ်နေရာ၊ မြို့မစျေးတွင် တစ်နေရာနှင့် စျေးရပ်ကွက် နယ်မြေ(၄)တွင် တစ်နေရာ စုစုပေါင်း (၃)နေရာတွင် ကျရောက်ပေါက်ကွဲခဲ့သည်။







ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ပြည်သူ(၁)ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံနေအိမ်နှင့် ဆိုင်ခန်းအချို့ထိခိုက်ပျက်စီးခဲ့သည်။  ဒဏ်ရာရရှိသူအား  ဆေးရုံသို့ပို့ဆောင်ဆေးဝါးကုသပေးလျက်ရှိသည်။






နောင်ချိုမြို့တွင် စစ်ကောင်စီတပ်က လူအများအပြားသေကြေပျက်စီးစေနိုင်သည့် ပေါင် (၅၀၀)ဗုံးအပါအဝင် နေ့စဥ်ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ် (၂)ဦးအပါအဝင် ပြည်သူ(၁၅)ဦးသေဆုံးခဲ့ပြီး (၁၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဒေသခံနေအိမ် (၂၅)လုံး၊ ဘုန်းကြီးကျောင်း (၂)ကျောင်းနှင့် စာသင်ကျောင်း (၁)ကျောင်းလည်း ထိခိုက်ပျက်စီးခဲ့ရသည်။






စစ်ကောင်စီတပ်သည် ပြည်သူလူထုများအား ဦးတည်ကာ လေကြောင်းဖြင့် လိုက်လံဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုနှင့် ဒဏ်ရာရသူအများအပြားရှိသလို ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦးနှင့် ဒေသခံနေအိမ် ထိခိုက်ပျက်စီးမှု အများအပြားရှိသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ယနေ့နံနက် နောင်ချိုမြို့မစျေးအတွင်း စစ်ကောင်စီတပ်က လေယာဥ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက် တစ်ဦးဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်