549

သီပေါမြို့နှင့် နောင်ချို့မြို့တို့တွင် စစ်ကောင်စီက လက်နက်ကြီးနှင့်လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ် နေအိမ်များပျက်စီး

ဒေသတွင်းသတင်း / ဒေသတွင်း
19 September 2024

သီပေါမြို့နှင့် နောင်ချို့မြို့တို့တွင် စစ်ကောင်စီက လက်နက်ကြီးနှင့်လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ် နေအိမ်များပျက်စီး


သီပေါ ၊စက်တင်ဘာလ ၁၉ ရက်

တအာင်းပြည်သတင်း


တအာင်ပြည်၊ တပ်မဟာ (၂)နယ်မြေ သီပေါမြို့နယ်နှင့် နောင်ချိုမြို့တို့တွင် စစ်ကောင်စီတပ်ဘက်က ပြည်သူလူထုများအားဦးတည်ကာ လေကြောင်းကတဆင့် နေ့စဥ်လာရောက်ဗုံးကြဲနေပြီး လက်နက်ကြီးများဖြင့်ပါ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေပါသည်။





ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့ နေ့လည်(၁၂း၃၀)အချိန်မှ (၀၁း၅၀)အချိန်ထိ ဂျက်ဖိုက်တာဖြင့် (၃)ကြိမ်လာရောက်ကာ လူအများအပြားသေကြေပျက်စီးစေနိုင်သည့် ပေါင် (၅၀၀)ဗုံးအပါအဝင်ဗုံး(၁၁)လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ၎င်းတို့တပ်စခန်းမှတဆင့် လက်နက်ကြီးများဖြင့်ပါ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။





ထိုကဲ့သို့ဗုံးကြဲတိုက်ခိုက်မှုကြောင့် သီပေါမြို့နယ် ကုန်စုံကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူလူထုများ၏နေအိမ်များ ထိမှန်ပျက်စီးစေခဲ့သည်။





အလားတူ နောင်ချိုမြို့နယ်တွင် ယနေ့စက်တင်ဘာလ ၁၉ ရက်နေ့ နံနက်(၃း၀၀)ဝန်းကျင်အချိန် စစ်ကောင်စီတပ်က Y-Y12 လေယာဥ်ဖြင့် ဗုံးအလုံး (၆၀)ကျော် လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့ ဘူတာရုံ၊ ဓမ္မာရုံအနောက်ဘက်၊ ငှက်ပျော်ခြံနှင့် မြို့မဈေးအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်နှင့် ဆိုင်ခန်းများ ထိခိုက်ပျက်စီးခဲ့သည်။





စစ်ကောင်စီတပ်သည် တအာင်းတပ်မတော် PSLF/TNLA အုပ်ချုပ်နေသည့် မြို့များဖြစ်သည့် ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနှင့် နမ့်ခမ်းမြို့တို့တွင် အရပ်သားပစ်မှတ်များဦးတည်ကာ နေ့စဥ်လာရောက်ဗုံးကြဲတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: သီပေါမြို့နှင့် နောင်ချို့မြို့တို့တွင် စစ်ကောင်စီက လက်နက်ကြီးနှင့်လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ် နေအိမ်များပျက်စီး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်