536

တစ်နိုင်ငံလုံး ရေဘေးအန္တရာယ်ကျရောက်နေချိန် နောင်ချိုမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းကတစ်ဆင့် ပေါင်(၅၀၀) ဗုံး(၂)လုံးနှင့် ရော့ကတ်ဒုံးအသုံးပြုကာ ပစ်ခတ်တိုက်ခိုက်

ဒေသတွင်းသတင်း / ဒေသတွင်း
14 September 2024

တစ်နိုင်ငံလုံး ရေဘေးအန္တရာယ်ကျရောက်နေချိန် နောင်ချိုမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းကတစ်ဆင့် ပေါင်(၅၀၀) ဗုံး(၂)လုံးနှင့် ရော့ကတ်ဒုံးအသုံးပြုကာ ပစ်ခတ်တိုက်ခိုက်


နောင်ချို၊ စက်တင်ဘာလ (၁၄)ရက်

တအာင်ပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ PSLF/TNLA အုပ်ချုပ်သည့် နောင်ချိုမြို့ သပြေရပ်ကွက်တွင်  စစ်ကောင်စီတပ်မှ ပြည်သူလူထုများအား ဦးတည်ကာ လေကြောင်းအသုံးပြုပြီး ပေါင်(၅၀၀) ဗုံး(၂) လုံးနှင့် ရော့ကတ်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။




ယနေ့ စက်တင်ဘာလ (၁၄)ရက် နေ့လည်(၁း၀၀)နာရီအချိန်မှ (၂း၃၀)နာရီအချိန်ထိ စစ်ကောင်စီတပ်မှ Jet fighter ဖြင့် ဖျက်အားပြင်းလက်နက်ဖြစ်သည့် ပေါင်(၅၀၀) ဗုံး (၂)လုံး လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ပေါင် (၅၀၀)ဗုံး နှစ်လုံးအနက် တစ်လုံးပေါက်ကွဲခဲ့ပြီး တစ်လုံးမှာ ပေါက်ကွဲခြင်းမရှိပေ။ ထို့အပြင် ရော့ကတ်ဒုံးဖြင့် (၈)ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။


ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့ လူနေရပ်ကွက်အတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် လူနေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီသွားခဲ့သည်။




ယမန်နေ့ကလည်း လေကြောင့်အသုံးပြုကာ နောင်ချိုမြို့အတွင်း ဗုံး(၁၃)လုံး လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လူနေအိမ်ထိခိုက်ပျက်စီးခဲ့သည်။




စစ်ကောင်စီတပ်သည် မြန်မာနိုင်ငံတဝှမ်းတွင် ရေဘေးအန္တရာယ်ရင်ဆိုင်နေရသည့်အချိန် PSLF/TNLA အုပ်ချုပ်နေသည့် မြို့များဖြစ်သည့် ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနှင့် နမ့်ခမ်းမြို့များအပြင် နိုင်ငံအရပ်အရပ်ရှိ စစ်ရှောင်စခန်းများ၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကိုးကန့်နယ်အတွင်းရှိ အရပ်သားပစ်မှတ်များဦးတည်ကာ လူအများအပြားသေစေနိုင်သည့် ပေါင်(၅၀၀)ဖြင့် နေ့စဥ်လာရောက်ဗုံးကြဲတိုက်ခိုက်နေပြီး အကြမ်းဖက်လုပ်ရက်များ ပြောင်ပြောင်တင်းတင်း ပြုလုပ်နေပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တစ်နိုင်ငံလုံး ရေဘေးအန္တရာယ်ကျရောက်နေချိန် နောင်ချိုမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းကတစ်ဆင့် ပေါင်(၅၀၀) ဗုံး(၂)လုံးနှင့် ရော့ကတ်ဒုံးအသုံးပြုကာ ပစ်ခတ်တိုက်ခိုက်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်