535

ကွတ်ခိုင်မြို့နယ် ဒေါက်လုံရွာရှိလူငယ်အဖွဲ့က ဝိုင်းဝန်းချုပ်နှောင်ရိုက်နှက်၍ အမျိုးသားတစ်ဦး သေဆုံးသွား

ဒေသတွင်းသတင်း / ဒေသတွင်း
14 September 2024

ကွတ်ခိုင်မြို့နယ် ဒေါက်လုံရွာရှိလူငယ်အဖွဲ့က ဝိုင်းဝန်းချုပ်နှောင်ရိုက်နှက်၍  အမျိုးသားတစ်ဦး သေဆုံးသွား


ကွတ်ခိုင်၊ စက်တင်ဘာလ ၁၄ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၅)နယ်မြေ ကွတ်ခိုင်မြို့နယ် ကာလိုင်အုပ်စု ဒေါက်လုံကျေးရွာရှိ လေးဦးပါ လူငယ်တစ်စုက ဝိုင်းဝန်းချုပ်နှောင်ရိုက်နှက်မှုကြောင့် အမျိုးသားတစ်ဦးကို သေဆုံးသွားခဲ့သည်။





ဖြစ်စဉ်မှာ စက်တင်ဘာ (၁၀) ရက်နေ့ ည(၁၂း၀၀)အချိန်တွင် ထိုအမျိုးသားသည် ဒေါက်လုံကျေးရွာသို့ ကိစ္စတစ်ခုကြောင့်သွားရောက်စဥ် ထိုကျေးရွာရှိ လူငယ်များက သူခိုးဟုစွပ်စွဲကာ ဖမ်းဆီးချုပ်နှောင်ရိုက်နှက်ခဲ့မှုကြောင့် ဦးခေါင်း၊ မျက်နှာနှင့် ကိုယ်လုံးများတွင်  ဒဏ်ရာများဖြင့်သေဆုံးသွားခဲ့သည်။


သေဆုံးသွားသည့် ထိုအမျိုးသားသည် အသက်(၄၅)နှစ်အရွယ် ဦးဆန်အောင်ဖြစ်ပြီး ဟိုနောင်အုပ်စု လုံကိန်ကျေးရွာတွင်နေထိုင်သည့် တအာင်းလူမျိုးဖြစ်သည်။


ထိုကဲ့သို့ သေဆုံးသွားသည့်အထိ ဖမ်းဆီးချုပ်နှောင်ရိက်နှက်ခဲ့ကြသည့် ဒေါက်လုံရွာလူငယ်(၄)ဦးအား ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ကွတ်ခိုင်မြို့နယ် ဒေါက်လုံရွာရှိလူငယ်အဖွဲ့က ဝိုင်းဝန်းချုပ်နှောင်ရိုက်နှက်၍ အမျိုးသားတစ်ဦး သေဆုံးသွား
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်