528

သီပေါမြို့တွင် အိမ်ရှင်စစ်ရှောင်စဥ် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

ဒေသတွင်းသတင်း / ဒေသတွင်း
13 September 2024

သီပေါမြို့တွင် အိမ်ရှင်စစ်ရှောင်စဥ် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

သီပေါ၊ စက်ဘာလ ၁၃ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ သီပေါမြို့၊ တုံစင့်ရပ်ကွက်တွင် ​အိမ်ရှင်များစစ်ရှောင်နေသည့် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့သည်။




ယမန်နေ့ စက်တင်ဘာလ ၁၂ ရက်နေ့ နံနက်(၆:၃၀)ဝန်းကျင်အချိန်တွင် သီပေါမြို့ တုံစင့်ရပ်ကွက်၊ နယ်မြေ(၅)ရှိ နေအိမ်တစ်အိမ်အတွင်း ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာပြီး ရုတ်တရက်မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မီးလောင်မှုဖြစ်ပွားချိန်တွင် ၎င်းနေအိမ်ရှိ အိမ်ရှင်များသည် စစ်ဘေးရှောင်နေခဲ့သည်။




မီးလောင်မှု ဖြစ်ပွားနေစဥ် ဘေးဝန်းကျင်ရှိ နေအိမ်များအား မီးကူးစက်လောင်ကျွမ်းမှုမရှိစေရန် သီပေါမြို့ရှိ PSLF/TNLA ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ နယ်စည်းမခြား ပရဟိတအဖွဲ့နှင့် သီပေါလူငယ်အဖွဲ့တို့ ဝိုင်းဝန်းပြီး အစွမ်းကုန်မီး​ငြိမ်းသတ်ခဲ့ရသည်။

မီးလောင်​ပြာကျသွားသည့် နေအိမ်တွင် တစ်ထပ်အိမ်၊ သွပ်မိုး၊ ကျောက်ပြားကာနေအိမ်ဖြစ်ပြီး နေအိမ်အတွင်း မီးလောင်ရှုံးဆုံးမှု စုစုပေါင်းတန်ဖိုးအား စီစစ်နေဆဲဖြစ်သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: သီပေါမြို့တွင် အိမ်ရှင်စစ်ရှောင်စဥ် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်