516

မန်တုံမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် (၅၀၀)ဗုံး ၂လုံး လာရောက်ဗုံးကြဲ ဒေသခံ (၁)ဦး ထိခိုက်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
04 September 2024

မန်တုံမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် (၅၀၀)ဗုံး ၂လုံး လာရောက်ဗုံးကြဲ ဒေသခံ (၁)ဦး ထိခိုက်ဒဏ်ရာရ

တအာင်းပြည်၊ စက်တင်ဘာလ ၄ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ(၃)နယ်မြေ မန်တုံမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြုကာ ဖျက်အားပြင်းလက်နက်အမျိုးအစားဖြစ်သည့် ပေါင်(၅၀၀)​ဗုံး (၂)လုံးဖြင့် လာရောက်ဗုံးကြဲချတိုက်ခိုက်ခဲ့သည်။


ယမန့်နေ့ စက်တင်ဘာလ (၃)ရက်နေ့ ည (၁၀း၄၅) အချိန်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၅၀၀)ဗုံး (၂)လုံး လာရောက်ကြဲချကာ ဦးအိုက်အေး လက်ဖက်စက်ရုံးပေါ်ကျရောက်ပေါက်ကွဲခဲ့သည်။ ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် (၂၁)နှစ်အရွယ် မောင်သက်နိုင်လင်း၏ ညာဘက်လက်နှင့် နံရိုးတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။







ထို့အပြင် ယခင် စစ်ကောင်စီတပ်ဖြစ်သည့် (၁၃၀)တပ်စခန်းပေါ်တွင် ၁ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ထိုအနီးရှိ အိမ် (၆)လုံး ထိမှန်ပျက်စီးသွားခဲ့သည်။ ပေါင်(၅၀၀)ဗုံးဖြင့် တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးသွားသည့် နေအိမ်များကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တာဝန်ရှိသူများမှ သွားရောက်ရှင်းလင်းပေးခဲ့ပါသည်။


စစ်ကောင်စီတပ်သည် PSLF/TNLA အုပ်ချုပ်နေသည့် နမ့်ဆန်၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ မန်တုံမြို့နယ်များရှိ ပြည်သူများကို ထိခိုက်စေရန် ရည်ရွယ်ပြီး မကြာခဏလေကြောင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေပါသည်။


#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မန်တုံမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် (၅၀၀)ဗုံး ၂လုံး လာရောက်ဗုံးကြဲ ဒေသခံ (၁)ဦး ထိခိုက်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်