512

သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီး (၁)ဦး သေဆုံး အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
02 September 2024

သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီး (၁)ဦး သေဆုံး အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာရ

သီပေါ၊ စက်တင်ဘာလ ၂ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီး(၁)ဦး သေဆုံးပြီး အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။





ဖြစ်စဥ်တွင် ယမန်နေ့ ညနေ(၅)နာရီခွဲခန့်အချိန်တွင် စစ်ကောင်စီတပ် ခလရ(၂၃)တပ်မှ ပြည်သူရှိရာ ဦးတည်ပြီး လက်နက်ကြီး ပစ်ခတ်မှုကြောင့်  ကုံးစုံ(လီဆူ)ရွာ နေအိမ်တစ်အိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ရာ အသက်(၄၇)နှစ်ရှိ ကိုကျော်မြင့်ဆိုသူ ​နောက်ကျော၊ ပခုံး၊ လက်နှင့် မျက်နှာတို့တွင် လက်နက်ကြီးစ ထိမှန်ဒဏ်ရာရခဲ့သည်။





ပြီးခဲ့သည့် သြဂုတ်လ(၃၁)ရက်နေ့၊ နံနက်(၁၀)နာရီခွဲဝန်းကျင်အချိန်တွင်လည်း စစ်ကောင်စီတပ်မှ ပြည်သူရှိရာသို့ ဦးတည်ကာ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ​ညောင်ကိုးပင်ရပ်ကွက်တွင် ကျရောက်ပေါက်ကွဲပြီး အသက်(၅၂)နှစ်ရှိ ဒေါ်စိန်ပွင့်ဆိုသူ နှလုံးတည့်တည့် လက်နက်ကြီး ထိမှန် သေဆုံးခဲ့သည်။






သီပေါမြို့တွင် ဩဂုတ်လ (၁)ရက်နေ့မှ ယခု စက်တင်ဘာ (၂)ရက်နေ့ထိ စစ်ကောင်စီမှ အရပ်သားများရှိရာသို့ ဦးတည်ပြီး လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် က​လေးငယ်အပါအဝင် ဒေသခံ (၂၂)ဦး သေဆုံးခဲ့ရပြီး (၆၀)ကျော် ထိမှန်ဒဏ်ရာရရှိခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီး (၁)ဦး သေဆုံး အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းတပ်မတော် ထုတ်ပြန်ချက်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်