494

သီ​ပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ​ဗုံးအလုံး(၅၀)ကျော်လာရောက်ဗုံးကြဲတိုက်ခိုက် ဒေသခံ(၂)ဦးသေဆုံး၊ (၂)ဦး ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
27 August 2024

သီ​ပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ​ဗုံးအလုံး(၅၀)ကျော်လာရောက်ဗုံးကြဲတိုက်ခိုက် ဒေသခံ(၂)ဦးသေဆုံး၊ (၂)ဦး ဒဏ်ရာရ

သီပေါ၊ သြဂုတ်လ၊ ၂၇ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် လာရောက်ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသား(၂)ဦး သေဆုံးခဲ့ပြီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယနေ့ သြဂုတ်လ (၂၇)ရက်နေ့ နံနက် (၁း၂၀)မိနစ်မှ (၂း၀၀)နာရီကျော်အချိန်ထိ စစ်ကောင်စီတပ်မှ ပြည်သူလူထုများ အိပ်မောကျချိန်တွင် Y-12 လေယာဥ်ဖြင့် ဗုံးအလုံး(၅၀)ကျော် လာရောက်ကျဲချတိုက်ခိုက်ခဲ့သည်။





ထို့အပြင် ဂျက်ဖိုက်တာဖြင့်လည်း(၂)ကြိမ် လာရောက်ပြီး ဗုံး(၄)လုံး ကြဲချတိုက်ခိုက်ခဲ့သည်။ ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သီပေါမြို့ အုတ်ကျင်းရပ်ကွက်ရှိ  အသက် (၆၀)အရွယ် ဦးဖိုးလူနှင့် အသက်(၅၀)အရွယ် ဦးအောင်နိုင်တို့ (၂)ဦး ပွဲချင်းပြီး သေဆုံးခဲ့ရပြီး (၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့အတူ အုတ်ကျင်းရပ်ကွက်ရှိ အ.မ.က(၃) စာသင်ကျောင်း(၁)ကျောင်း၊ အမှတ်(၃) အ.ထ.က စာသင်ကျောင်း (၁)ကျောင်းနှင့် ပန်းတိမ်တောင်(မြောက်) ရပ်ကွက်အတွင်း ဗုံးများကျရောက်ပေါက်ကွဲခဲ့ပြီး စာသင်ကျောင်းများနှင့် နေအိမ်များ ထိမှန်ပျက်စီးခဲ့သည်။





ဩဂုတ်လ (၁)ရက်နေ့မှ ယနေ့ သြဂုတ်လ (၂၇)ရက်နေ့ထိ သီပေါမြို့အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား (၂၁)ဦး သေဆုံးခဲ့ပြီး (၄၉)နီးပါး ထိမှန်ဒဏ်ရာရရှိခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: သီ​ပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ​ဗုံးအလုံး(၅၀)ကျော်လာရောက်ဗုံးကြဲတိုက်ခိုက် ဒေသခံ(၂)ဦးသေဆုံး၊ (၂)ဦး ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်