476

သီပေါမြို့တွင် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ(၂) ဦးသေဆုံးပြီး စက်သုံးဆီ သိုလှောင်ကန်မီးလောင်မှုဖြစ်ပွား

ဒေသတွင်းသတင်း / ဒေသတွင်း
20 August 2024

သီပေါမြို့တွင် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ(၂) ဦးသေဆုံးပြီး စက်သုံးဆီ သိုလှောင်ကန်မီးလောင်မှုဖြစ်ပွား


သီပေါ၊ သြဂုတ် ၂၀ ရက်

တအာင်းပြည်သတင်း


တအာင်းပြည် တပ်မဟာ (၂) နယ်မြေ သီပေါမြို့တွင် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား(၂) ဦးသေဆုံးပြီး စက်သုံးဆီသိုလှောင်ကန်မီးလောင်မှုဖြစ်ပွားခဲ့သည်။





ဖြစ်စဉ်တွင် သြဂုတ်လ (၁၈) ရက်နေ့ တွင် သီပေါရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း-၂၃ အနီးရှိ နားမုံရပ်ကွက်တွင် စစ်ကောင်စီတပ်မှ  လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အမျိုးသား (၂) ဦးထိမှန်သေဆုံးသွားခဲ့သည်။


အလားတူ ယမန်နေ့ နေ့လည် (၁၁း၃၀)အချိန်တွင်လည်း သီပေါမြို့ ကျောက်စုရပ်ကွက်ရှိ AAA ၏ ဆီသိုလှောင်ကန်အတွင်းသို့ စစ်ကောင်စီ၏ လက်နက်ကြီးကျ‌ရောက်ပေါက်ကွဲခဲ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့ပြီး PSLF/TNLA ၏ သီပေါမြို့မီးသတ်တပ်ဖွဲ့နှင့် မြို့ခံပြည်သူလူထုများ အချိန်မှီဝိုင်းဝန်းမီးငြိမ်းသတ်နိုင်ခဲ့သည်။


ထိုအပြင် သီပေါမြို့နယ် နမ့်လန်တွင် သြဂုတ်လ ၁၆ ရက်နေ့တွင် စစ်ကောင်စီမှ လေယာဉ်ဖြင့် လာရောက်ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီး(၁) ဦး ထိမှန်ဒဏ်ရာရရှိပြီး နေအိမ် (၂) အိမ် ပျက်စီးသွားခဲ့သည်။




သီပေါမြို့တွင် သြဂုတ်လ(၁) ရက်နေ့မှ (၁၉)နေ့အထိ စစ်ကောင်စီမှ အရပ်သားများရှိရာသို့ ဦးတည်ပြီး လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား (၁၄) ဉီးသေဆုံးပြီး (၄၂) ဦးထိမှန်ဒဏ်ရာရရှိခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: သီပေါမြို့တွင် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ(၂) ဦးသေဆုံးပြီး စက်သုံးဆီ သိုလှောင်ကန်မီးလောင်မှုဖြစ်ပွား
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်