473

ကျောက်မဲ ဟူးကွက်ရွာအား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် လာရောက်ဗုံးကြဲ ကိုရင်(၁)ပါးထိမှန်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
16 August 2024

ကျောက်မဲ ဟူးကွက်ရွာအား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် လာရောက်ဗုံးကြဲ ကိုရင်(၁)ပါးထိမှန်ဒဏ်ရာရ


ကျောက်မဲ၊ သြဂုတ် ၁၆ ရက်

တအာင်းပြည်သတင်း


တအာင်းပြည် တပ်မဟာ(၂) နယ်မြေ ကျောက်မဲမြို့နယ် ဟူးကွက်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုရင်(၁)ပါးထိမှန် ဒဏ်ရာရရှိခဲ့သည်။





ဖြစ်စဉ်တွင် ယနေ့ သြဂုတ်လ (၁၆) ရက်နေ့  နေ့လည် (၁း၀၀) နာရီအချိန်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စီးဖြင့် လာရောက် ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ ကိုရင် (၁) ပါး လက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့သည်။




ထို့အပြင် ဆွမ်းစားကျောင်းဆောင်နှင့် ဇရပ်ကျောင်းဆောင် (၂)ဆောင် ထိမှန်ပျက်စီးသွားခဲ့သည်။


အလားတူ ယနေ့နံနက် (၁း၀၀)နာရီဝန်းကျင်တွင်လည်း ပြည်သူလူထုများအား ဦးတည်ပြီး နမ့်ဆန်မြို့အား လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ကျောက်မဲ ဟူးကွက်ရွာအား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် လာရောက်ဗုံးကြဲ ကိုရင်(၁)ပါးထိမှန်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်