470

နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ထပ်မံလာရောက်ဗုံးကြဲတိုက်ခိုက်

ဒေသတွင်းသတင်း / ဒေသတွင်း
16 August 2024

နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ထပ်မံလာရောက်ဗုံးကြဲတိုက်ခိုက်

နမ့်ဆန်၊ သြဂုတ်လ ၁၆ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ(၂)စစ်ဒေသ နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ်က ဂျက်လေယာဥ်ဖြင့် ထပ်မံလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။





ယနေ့ သြဂုတ်လ (၁၆)ရက်နေ့ နံနက်(၁း၀၀)အချိန်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စီးဖြင့် ထပ်မံလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လူထိခိုက်သေဆုံးမှု တစ်စုံတရာမရှိပေ။






ပြီးခဲ့သည့် သြဂုတ်လ (၁၃)ရက်နေ့ကလည်း စစ်ကောင်စီတပ်က နမ့်ဆန်မြို့အတွင်း ဂျက်လေယာဥ်ဖြင့် (၃)ကြိမ်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံ (၁)ဦး သေဆုံးသွားခဲ့ပြီး (၁)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

https://www.facebook.com/share/p/9ZLmHXzSU8V2XVuJ/?mibextid=oFDknk

Topics: နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ထပ်မံလာရောက်ဗုံးကြဲတိုက်ခိုက်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်