462

နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ်က အရပ်သားများအားဦးတည်ပြီး လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် (၁)ဦးသေ (၁)ဦးဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
13 August 2024

နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ်က အရပ်သားများအားဦးတည်ပြီး လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် (၁)ဦးသေ (၁)ဦးဒဏ်ရာရ

သြဂုတ်လ ၁၃ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ(၂)စစ်ဒေသ နမ့်ဆန်မြို့နယ်တွင် ယမန်နေ့ သြဂုတ်လ ၁၂ ရက်နေ့ ညအချိန်တွင် စစ်ကောင်စီတပ်က အရပ်သားများအား ဦးတည်ကာ လေကြောင်းသုံး ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး (၁)ဦးသေဆုံးပြီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။





ယမန်နေ့ည (၁၁း၃၁)မိနစ်တွင် တစ်ကြိမ်၊ (၁၁း၄၅)မိနစ်တွင် တစ်ကြိမ်၊ (၁၁း၅၁)မိနစ်တွင် တစ်ကြိမ် စုစုပေါင်း(၃)ကြိမ်လာရောက်ပြီး ဗုံး(၆)လုံးကြဲချတိုက်ခိုက်ခဲ့သည်။

ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နမ့်ဆန်မြို့၊ မြို့လယ်ရပ်ကွက်ရှိ EPC ရုံးအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိုရုံးဝန်းရှိ အသက်(၃၀)အရွယ် ဒေသခံ(၁)ဦး သေဆုံးသွားကာ (၁)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။





ထို့အပြင် EPC ရုံးဝန်းအတွင်းရှိ ထရန်စဖော်မာ စက်များထိခိုက်ပျက်စီးသွားပြီး ထိုအနီးဝန်းကျင်ရှိ မြို့မဂိုဏ်ချုပ်ကျောင်းနှင့် ဒေသခံနေအိမ်အဆောက်အဦး(၅)လုံး ထိခိုက်ပျက်စီးသွားခဲ့သည်။

သြဂုတ်လ (၆) ရက်နေ့ကလည်း PSLF/TNLA အုပ်ချုပ်သည့် ကွတ်ခိုင်မြို့အား စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ဒေသခံ (၆)ဦး သေဆုံးကာ၊ (၁၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ လူနေအိမ်နှင့် ဆိုင်ခန်းပေါင်း(၄၀၀)ကျော်လည်း မီးလောင်ပျက်စီးသွားခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ်က အရပ်သားများအားဦးတည်ပြီး လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် (၁)ဦးသေ (၁)ဦးဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်