442

ကွတ်ခိုင်မြို့အား စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ နှစ်စီးဖြင့် ထပ်မံလာရောက်ဗုံးကြဲတိုက်ခိုက်

ဒေသတွင်းသတင်း / ဒေသတွင်း
07 August 2024

ကွတ်ခိုင်မြို့အား စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ နှစ်စီးဖြင့် ထပ်မံလာရောက်ဗုံးကြဲတိုက်ခိုက်


သြဂုတ်လ ၇ ရက်

တအာင်းပြည်သတင်း


ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သည့် ကွတ်ခိုင်မြို့အား စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး ထပ်မံလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။


ယနေ့ သြဂုတ်လ (၇)ရက်နေ့ နေ့လည် (၁း၅၀)မိနစ်တွင် တစ်ကြိမ်၊ (၁း၅၅)မိနစ်တွင် တစ်ကြိမ် ဂျက်ဖိုက်တာဖြင့် ဖြတ်အားပြင်းပေါင်(၅၀၀)ဗုံး အသုံးပြုပြီး နှစ်ကြိမ်လာရောက်ပစ်ခတ်တိုက်ခဲ့ခြင်းဖြစ်သည်။






စစ်ကောင်စီတပ်က လေကြောင်းသုံးတိုက်ခိုက်မှုကြောင့် အဆောက်အဦးအချို့ ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်သေဆုံးမှုမရှိပေ။


အလားတူ ယမန်နေ့ သြဂုတ်လ (၆)ရက်နေ့ ညနေ(၄း၀၀)အချိန် သီပေါမြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး နောင်ကော်ကြီးကျေးရွာ ရေလယ်ဘုရားကျောင်းအတွင်းကျရောက်ပေါက်ကွဲကာ ကျောင်းဝန်းအတွင်းရှိ သံဃာတော်(၁)ပါးနှင့် အမျိုးသမီး(၁)ဦး ဗုံးစထိမှန်သေဆုံးခဲ့ရပြီး သံဃာတော်(၁) တစ်ပါး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။





သြဂုတ်လ (၅)ရက်နေ့ကလည်း စစ်ကောင်စီတပ်က ကွတ်ခိုင်မြို့အား တစ်နေ့အတွင်း (၄)ကြိမ် လေကြောင်းသုံးတိုက်ခိုက်မှုကြောင့် ကွတ်ခိုင်မြို့ခံ ပြည်သူ(၆)ဦး သေဆုံးခဲ့ရပြီး (၁၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ကွတ်ခိုင်မြို့မစျေးလည်း မီးလောင်သွားခဲ့ပြီး ဆိုင်ခန်းပေါင်း(၄၀၁)ခန်း မီးလောင်ပျက်စီးသွားခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ကွတ်ခိုင်မြို့အား စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ နှစ်စီးဖြင့် ထပ်မံလာရောက်ဗုံးကြဲတိုက်ခိုက်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်