441

ကွတ်ခိုင်မြို့မှာ စစ်ကောင်စီက လေကြောင်းနှင့် ဗုံးကြဲမှုကြောင့် ဒေသခံသေဆုံးမှု (၆)ဦးအထိရှိလာပြီး (၁၀)ဦးဒဏ်ရာရကာ ဆိုင်ခန်းပေါင်း(၄၀၁)ခန်းမီးလောင်ပျက်စီး

ဒေသတွင်းသတင်း / ဒေသတွင်း
07 August 2024

ကွတ်ခိုင်မြို့မှာ စစ်ကောင်စီက လေကြောင်းနှင့် ဗုံးကြဲမှုကြောင့် ဒေသခံသေဆုံးမှု (၆)ဦးအထိရှိလာပြီး (၁၀)ဦးဒဏ်ရာရကာ ဆိုင်ခန်းပေါင်း(၄၀၁)ခန်းမီးလောင်ပျက်စီး

ကွတ်ခိုင်၊ သြဂုတ် ၇ ရက်
တအာင်းပြည်သတင်း


တအာင်းပြည် တပ်မဟာ(၅) နယ်မြေ ကွတ်ခိုင်မြို့တွင် စစ်ကောင်စီက လေကြောင်းနှင့် ဗုံးကြဲမှုကြောင့် သေဆုံးသူ ဒေသခံ(၆)ဦးအထိရှိလာပြီး (၁၀)ဦးထိခိုက်ဒဏ်ရာရရှိကာ ဆိုင်ခန်းပေါင်း(၄၀၁)ခန်းမီးလောင်ပျက်စီးသွားခဲ့သည်။






သြဂုတ်လ ၅ ရက်နေ့ ညနေ (၃း၀၀)နာရီအချိန် ကွတ်ခိုင်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ လေကြောင်းနှင့် (၄)ကြိမ် လာရောက်ပြီး ပေါင်(၅၀၀)ဗုံး (၇)လုံး ကြဲချတိုက်ခိုက်မှုကြောင့် ကွတ်ခိုင်မြို့ ရပ်ကွက် (၅)နှင့် ရပ်ကွက်(၈)ရှိ ဒေသခံပြည်သူ(၆)ဦးဗုံးစထိမှန်သေဆုံးပြီး (၁၀)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။




ကွတ်ခိုင်မြို့မစျေးရှိ ဆိုင်ခန်းပေါင်း (၄၀၁)ခန်းလည်း​ဗုံးပေါက်ကွဲမှုကြောင့် မီးလောင်မှုဖြစ်ပွားကာ အရပ်သား နေအိမ် (၁၀)အိမ်ထက်မနည်းထိခိုက်ပျက်စီးသွားခဲ့သည်။

အဆိုပါ ဗုံးကြဲချမှုကြောင့် မီးလောင်သွားသည့် မြို့မစျေးတွင် PSLF/TNLA ၏ ကွတ်ခိုင်မြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်နိုင်ခဲ့ပြီး စျေးအတွင်းတွင် ပစ္စည်းများ ခိုးဆိုးလုယက်မှုများ မရှိစေရန်အတွက်   PSLF/TNLA တပ်ဖွဲ့က လုံခြုံရေးယူထားပေးခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ကွတ်ခိုင်မြို့မှာ စစ်ကောင်စီက လေကြောင်းနှင့် ဗုံးကြဲမှုကြောင့် ဒေသခံသေဆုံးမှု (၆)ဦးအထိရှိလာပြီး (၁၀)ဦးဒဏ်ရာရကာ ဆိုင်ခန်းပေါင်း(၄၀၁)ခန်းမီးလောင်ပျက်စီး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်