426

လားရှိုးအကျဉ်းထောင်အား ညီနောင်(၃)ဖွဲ့မှ ထိန်းသိမ်းနိုင်ပြီးနောက် MNTJP/MNDAA မှ PSLF/TNLA ထံ တအာင်းလူမျိုးအကျဉ်းသား (၁၁၈)ဦး လွှဲပြောင်းပေးအပ်

ဒေသတွင်းသတင်း / ဒေသတွင်း
03 August 2024

လားရှိုးအကျဉ်းထောင်အား ညီနောင်(၃)ဖွဲ့မှ ထိန်းသိမ်းနိုင်ပြီးနောက် MNTJP/MNDAA မှ PSLF/TNLA ထံ တအာင်းလူမျိုးအကျဉ်းသား (၁၁၈)ဦး လွှဲပြောင်းပေးအပ်

လားရှိုး၊ သြဂုတ် (၃)ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၆)နယ်မြေ၊ လားရှိုးမြို့အကျဉ်းထောင်အား ဇူလိုင်လ (၂၄)ရက်နေ့၌ ညီနောင်မဟာမိတ်(၃)ဖွဲ့တို့ ထိန်းသိမ်းနိုင်ပြီးနောက် စကစ၏ အကျဉ်းထောင်တွင် အကျဉ်းကျနေရသည့် တအာင်းအမျိုးသားအကျဥ်းသား(၁၁၈)ဦးတို့ကို ကိုးကန့်တပ်ဖွဲ့ MNTJP/MNDAAမှ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ထံ လွှဲပြောင်းပေးခဲ့သည်။

ညီနောင်မဟာမိတ်(၃)ဖွဲ့မှ ကိုးကန့်တပ်မတော် MNDAA ဦးဆောင်၍ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ လားရှိုးမြို့ရှိ စစ်အာဏာရှင်စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တယားအား ဖယ်ရှားတိုက်ဖျက်ရေးတိုက်ပွဲဆင်နွှဲရာတွင် လားရှိုးအကျဉ်းထောင်အား သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်သည်။





လွှဲအပ်ပေးသည့်အကျဉ်းသား (၁၁၈)ဦးတွင် မတရားအသင်းနှင့် ဆက်သွယ်သည့်ပုဒ်မ ၁၇/၁ ဖြင့် တရားစွဲခံရသူအကျဉ်းသား (၅)ဦး၊ မသင်္ကာမှုဖြင့် (၁၅)ဦး၊ လောင်းကစားမှုဖြင့် (၁)ဦး၊ အရေးပေါ်ထုတ်ပြန်သည့်အမိန့် Martial Law ဥပဒေဖြင့် (၃)ဦး၊ ရဲပြေးမှုနှင့် လဝက အမှု (၄)ဦး၊ ဓါးပြတိုက်မှု (၂)ဦး၊ ရဲစီးမှု(၁)ဦး၊ လူကုန်ကူးမှု (၂)ဦး၊ မူးယစ်မှု (၈၆)ဦးတို့ ပါဝင်ပါသည်။

ထိုအကျဉ်းသားများကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်ရေးဌာနမှ လက်ခံနေရာချမှတ်ပေးထားပြီး သက်ဆိုင်ရာအမှုအသီးသီးကို ပြန်လည်စိစစ်ကာ ပြန်လွှတ်ပေးခြင်း၊ ​ပြစ်မှုဆိုင်ရာ ပြန်လည်အရေးယူခြင်းစသည့်လုပ်ငန်းစဉ်များ စီစဉ်ဆောင်ရွက်လျက်ရှိနေသည်။


ထို့အပြင် လားရှိုးအကျဉ်းထောင်မှ လွတ်မြောက်ပြီးဖြစ်သော်လည်း သက်ဆိုင်ရာမိသားစုထံနှင့် PSLF/TNLAထံ မရောက်ရှိသေးသည့် တအာင်းနိုင်ငံ‌ရေး အကျဥ်းသားများလည်း မိသားစုထံပြန်လည် ရောက်ရှိနိုင်ရေးအတွက် မဟာမိတ် MNTJP/MNDAAထံ ဆက်လက်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်းလည်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။



#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: လားရှိုးအကျဉ်းထောင်အား ညီနောင်(၃)ဖွဲ့မှ ထိန်းသိမ်းနိုင်ပြီးနောက် MNTJP/MNDAA မှ PSLF/TNLA ထံ တအာင်းလူမျိုးအကျဉ်းသား (၁၁၈)ဦး လွှဲပြောင်းပေးအပ်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်